ကြိုက်နှစ်သက်ရာအရောင်တွေနဲ့ မှာယူနိုင်မယ့် AirPods Pro

ColorWare လို့ခေါ်တဲ့ ကုမ္ပဏီက Apple Products တွေကို ကြိုက်နှစ်သက်ရာအရောင်တွေနဲ့ ပြုလုပ်ပေးလေ့ ရှိပါတယ် ။ ဒီကနေ့မှာတော့ AirPods Pro တွေကို စိတ်ကြိုက်အရောင်တွေနဲ့ မှာယူနိုင်ပြီပဲ ဖြစ်ပါတယ် ။

Jet Black Gloss , Deep Purple , Yellow , Orange , Red , Gold , Silver , Solid , Metallics & more ဆိုပြီး အရောင်ပေါင်းများစွာနဲ့ AirPods Pro ကို မှာယူနိုင်ပါပြီ ။

AirPods Pro ရဲ့ Earbud စီတိုင်းမှာ မတူညီတဲ့ Shade တွေ , အရောင်တွေနဲ့ ဖန်တီးပေးထားပါတယ် ။ Wireless Charging Case ကတော့ Unique Color နဲ့ ဖြစ်ပါတယ် ။ Matte or Gloss နှစ်မျိုးထဲကနေ ရွေးချယ်နိုင်ပါမယ် ။

Custom Version ဖြစ်တဲ့ AirPods Pro ရဲ့ ဈေးက $389 ဖြစ်ပြီး ၊ Apple ၏ $250 ဈေးထက် $139 ပိုများနေမှာ ဖြစ်ပါတယ် ။ Customize ပြုလုပ်ထားတဲ့ AirPods Pro ရဲ့ Case ကတော့ $50 ထပ်ပေါင်းပေးရမှာဖြစ်ပြီး စုစုပေါင်း $439 ကျသင့်မှာပါ ။

ColorWare ဟာ Apple ၏ AirPods Pro ကိုသာ Customize ပြုလုပ်ဖန်တီးပေးထားတာဖြစ်လို့ မူလ AirPods Pro ရဲ့ Standard Features တွေဖြစ်တဲ့ Active Noise Cancellation , Adaptive EQ နှင့်အခြားသော Features တွေကတော့ ဘာမှ မပြောင်းမလဲပဲ ပါဝင်မှာ ဖြစ်ပါတယ် ။

AirPods Pro ကို စိတ်ကြိုက်အရောင်တွေ ဖန်တီးရန်အတွက် ColorWare ဟာ AirPods Pro ကို တစစီဖြုတ်ပြီးမှ Component တစ်ခုချင်းစီကို ဂရုတစိုက်နဲ့ အရောင်မှုန်းထားတာ ဖြစ်ပါတယ် ။ အဲ … ဝယ်ယူထားပြီးသား AirPods တွေကိုတော့ သူတို့ဆီ ပို့ပြီး ဆေးခြယ်လို့တော့ မရပါဘူး ။

ColorWare က အာမခံ 12 months ပေးပြီး နောက်ထပ် Warranty ကာလ 24 months ကိုလည်း ဝယ်ယူလို့ ရပါဦးမယ် ။ ပထမရက်ပေါင်း ၃၀ အတွင်း Return ပြန်လုပ်နိုင်ပေမယ့် အဆိုပါပစ္စည်းအတွက် Restocking Fee 25% တော့ ပေးဆောင်ရပါမယ် ။

စိတ်ကြိုက်အရောင်တွေနှင့် ဖန်တီးပြုလုပ်ထားတဲ့ AirPods Pro ကို ColorWare ရဲ့ Website မှာ ယနေ့မှ စတင်ပြီး Order တင်လို့ရပြီဖြစ်ပြီး ၃ ပါတ် ( သို့မဟုတ် ) ၄ ပါတ်အကြာမှာတော့ Shipping ပို့မှာပဲ ဖြစ်ပါတယ် ။ ColorWare ဟာ AirPods 2 နဲ့ အခြားသော Apple Products တွေဖြစ်တဲ့ Magic Keyboard နှင့် Magic Mouse 2 တို့ကိုလည်း စိတ်ကြိုက်အရောင်တွေနဲ့ အလှဆင် ပေးပါသေးတယ် ။

ကဲ … မှာကြတော့မလား ?
( မင်မင်ကတော့ ဒီလကုန် ထီသိန်းတစ်သောင်းခွဲဆုပေါက်ရင် မှာမလို့ စာရင်းတို့ထားလိုက်ပြီလေ :3 )

Via ColorWare
Via MacRumors

Wish all peace.

@ZN

Facebook Comments

Be the first to comment

Leave a Reply

Your email address will not be published.


*