Home Games အတူတူ ဆော့ကြမယ် ဘော်ဘော်တို့ရေ 😁

အတူတူ ဆော့ကြမယ် ဘော်ဘော်တို့ရေ 😁

1409

ယူစာအတော်များများကတော့ PES 2018 ( ဘောလုံးဂိမ်း ) ကိုတော့ သိကြမှာပါ ။ မြန်မာပြည်က ယူစာတွေအတွက်ကတော့ အဆိုပါဂိမ်းကို ကစားဖို့ရာ VPN Applications တစ်ခုတော့ Install လုပ်ပေးထားဖို့ လိုအပ်ပါတယ် ။ 

ဂိမ်းဖိုင်က 1GB ကျော်တယ် ၊ သူနဲ့ကိုက်ညီမယ့် VPN App ကိုလည်း ရှာရတယ် ။ သိပ်ကို အလုပ်ရှုပ်ပါတယ်ကွာ ဆိုတဲ့ သူများအတွက် … 

ဒီမှာ လာပါပြီခင်ဗျာ ။ 

FIFA Soccer ( 2018 ) ဘောလုံးဂိမ်းလေးပဲ ဖြစ်ပါတယ် ။ ဂိမ်းဖိုင်ဆိုဒ်ကလဲ 100MB တောင် မကျော်ဘူး ။ VPN Apps တွေလည်း Install ဖို့ မလိုဘူး ။

ကဲ .. ဘာလိုသေးလဲဗျာ ။ 

ဪ .. ကျန်သေးတယ်ဗျ ။ 

PES က ဂိမ်းကို App Store မှာ Update ပေးနေတဲ့အခါ သူ့ဂိမ်းထဲကို ဝင်ပြီး ဆော့လို့ မရဘူး ။ Update ဖိုင် 1GB ကျော်ကို ဒေါင်းပြီး Install လုပ်ပြီးမှသာ ဆော့လို့ရတယ် ။ 

ဒီ FIFA Soccer ဂိမ်းမှာတော့ Update ပေးနေတာကို မလုပ်သေးပဲ ဒီအတိုင်း ဝင်ဆော့လို့ ရတယ် ။ ( Update လုပ်မယ်ဆိုလည်း ဖိုင်ဆိုဒ်က 100MB လောက်ပဲ ရှိတယ် ) 

FIFA Soccer by Electronic Arts

https://itunes.apple.com/us/app/fifa-soccer/id1094930513?mt=8

My Team ကနေပြီး ကိုယ့်အသင်းရဲ့ Formations ( ကစားကွက် ) ၊ Lineup ( ကစားသမားစာရင်း ) စသည်တို့ကိုလည်း ကိုယ်နှစ်သက်ရာ ပြောင်းလဲမှု ပြုလုပ်ပေးနိုင်ပါတယ် ။ 

VS Attack မှာကတော့ ကိုယ်ရရှိထားတဲ့ Fans အရေအတွက်ပေါ် မူတည်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက ကစားဖော်များနဲ့ ရင်ဆိုင်ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။ 

Campaigns မှာက Developer က ဖန်တီးပေးထားတဲ့ Training တွေ ၊ ယှဉ်ပြိုင်မှုတွေ ၊ ပြိုင်ပွဲတွေကို ဒေသကြီးအလိုက် ကစားပေးရမှာဖြစ်ပြီး အဲဒီကနေ ဆုတွေ ၊ လက်ဆောင်တွေ  ၊ ကစားသမားတွေကို ကိုယ့်ပိုက်ဆံတပြားမှ မကုန်ပဲ ရရှိနိုင်ခွင့် ရမှာပဲ ဖြစ်ပါတယ် ။ 

Leagues မှာတော့ ကိုယ်တိုင် Group League တစ်ခုကို Create လုပ်နိုင်သလို ၊ အခြားသူများက ပြုလုပ်ထားပြီး ဖြစ်တဲ့ Leagues များအတွင်းမှာလည်း ဝင်ရောက် ကစားနိုင်ပါတယ် ။ 

Events မှာကတော့ နေ့စဉ် Free ရမယ့် ဆုလက်ဆောင်တွေ ရှိနေပါတယ် ။ နေ့စဉ် ဝင်ကြည့်ဖို့ မမေ့နဲ့နော် 😁

2018 FIFA World Cup Russia မှာကတော့ ကိုယ်နှစ်သက်ရာ နိုင်ငံအသင်းတစ်ခုကို ရွေးပြီး အုပ်စုအမှတ်ပေး အဆင့်ကနေပြီး ရှုံးထွက်တို့ ကွာတားတို့ ဆီမီးတို့ ဖိုင်နယ်တို့အထိ ကစားလို့ရမှာပဲ ဖြစ်ပါတယ် ။ ( ကျနော်ကတော့ အခုထိ ကွာတားကနေကို မတက်သေးဘူး 😂 )?

Store မှာကတော့ ကျနော်တို့အတွက် သိပ်ကို တန်ဖိုးရှိနေတဲ့ ကစားသမားကောင်းတွေ ရှိနေပါတယ် ။ တကယ့်ကို အများကြီးပါ ။ သူတို့ကို ပိုင်ဆိုင်ဖို့အတွက်တော့ ကျနော်တို့ အများကြီး ကြိုးစားရမှာပါ ။ ( ကျနော်ကတော့ ဝယ်နိုင်သေးဘူး 😂 ) 

ဒါကတော့ VS Attack မှာပါ ။ 

Touch ပေါ်မှာ Tap ထားပြီး Controls လုပ်သွားရမှာပါဗျ ။ Shoot ဖို့ကတော့ သီးသန့် Button မပါပဲ Screen ပေါ်မှာ ပွတ်ဆွဲပေးလိုက်ရုံပါပဲ ။ အဲ .. ကိုယ်ဆွဲတဲ့ အနှေးအမြန်ပေါ် မူတည်ပြီး ကန်ချက် ပြင်းအား ကွာဟမှုတော့ ရှိပါမယ် ။ Pass ကတော့ ကိုယ်ပို့ချင်တဲ့ ကမားသမားအပေါ် Tap လိုက်ရုံနဲ့ Auto ပေးပို့ပါတယ် ။ သက်သာတာပေါ့ 😅 

Leaderboards ကို ဝင်ကြည့်ပြီး ကိုယ့်ရဲ့ Ranks ကို အသေးစိတ်ကြည့်နိုင်သလို အခြားသူတွေရဲ့ Ranks ကိုလည်း စပ်စုကြည့်လို့ ရပါသေးတယ် 😄 

ဆိုတော့ကာ … 

အပစ်အခတ် အကြမ်းအရမ်း ဂိမ်းတွေကို ခဏနားထားပြီး ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေပြီး ကစားကြည့်ချင်တဲ့ သူတွေအတွက်ကတော့ ဒီ FIFA Soccer ( 2018 ) ဂိမ်းက တကယ့်အလန်း ဂိမ်းကြီးပါပဲလို့ ။

( လက်တို့လိုက်ပြီနော် .. 😁😁😁 ) 

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )