
တကယ်လို့ Apple ရဲ့ iPhone မျိုးဆက်အကြောင်း ထွက်နေတဲ့သတင်းတွေမှန်ကန်ခဲ့မယ်ဆိုရင် 5G smartphone လောကကို ဦးဆောင်ဖို့အတွက် Samsung အနေနဲ့ မဖြစ်နိုင်တော့ပါဘူး။
Intel modem နဲ့ပတ်သတ်ပြီး Apple ဟာ ကြမ်းတမ်းခဲ့တဲ့အချိန်တွေကို ဖြတ်ကျော်ခဲ့ရပေမယ့် 5G modem ကို အသုံးပြုလိုက်ချိန်မှာတော့ connectivity နဲ့ပတ်သတ်တဲ့ကိစ္စတွေက မရှိတော့ပါဘူး။ Qualcomm ဟာ နောက်လာမယ့် iPhone တွေအတွက် 5G modem တွေကို ထောက်ပံ့ပေးသွားဦးမယ်လို့ ယူဆရပြီး ဒီအတိုင်းဖြစ်ခဲ့မယ်ဆိုရင်တော့ Samsung နဲ့ Huawei တို့ကို 2020 iPhone နဲ့ ကျော်တက်တော့မှာပါ။
Samsung နဲ့ Huawei တို့က စမတ်ဖုန်းလောကမှာရှိတဲ့ အခြားသော OEM တွေနဲ့ယှဉ်လိုက်ရင် အားသာချက်တွေအများကြီး ရှိနေပါတယ်။ သူတို့ဟာ 5G လမ်းစဉ်အတွက် ဦးဆောင်ထားပြီး ဒီနေ့အထိ Apple က 5G ကမ္ဘာထဲကိုဝင်မလာသေးပါဘူး။ သတင်းတွေအရတော့ 2020 iPhone တွေမှာ 5G modem တွေပါဝင်လာနိုင်တယ်လို့ပြောနေတာမို့ Apple ဟာ နောက်နှစ်ထဲမှာ 5G ဖုန်း အနည်းဆုံး သုံးလုံးတော့ ထုတ်ပြမှာပါ။
Strategy Analytics ရဲ့ ခန့်မှန်းချက်အရ Apple ဟာ နောက်နှစ်ရဲ့ 5G စမတ်ဖုန်းလောကမှာ ဘုရင်တစ်ဆူဖြစ်လာမှာပါ။ 5G ဖုန်းအတွက် လုပ်ဆောင်နေတာမကြားသေးတဲ့ Apple ဟာ လက်ရှိဦးဆောင်နေတဲ့ Samsung နဲ့ Huawei တို့ကို ကျော်တက်သွားမယ်ဆိုတာ နည်းနည်းတော့ထူးဆန်းစရာရှိပါတယ်။ ဒါပေမယ့်လည်း နောက်နှစ်ရဲ့ 5G မော်ဒယ်လ်သုံးလုံးနဲ့အတူ Apple ဟာ သူ့ရဲ့ upgrade လုပ်တဲ့နှုန်းကို အသစ်မတ်ဆက်လိုက်တဲ့ iPhone မော်ဒယ်လ်တွေနဲ့ အရှိန်မြှင့်သွားဖို့ရှိနေပါတယ်။
အံ့ဩစရာတော့မဟုတ်ပါဘူး။ Apple ဟာ ရှိနေပြီးသား hardware တွေကိုသုံးတယ်။ အသစ်ထပ်ထည့်တယ်။ အဲဒီနည်းနည်းလေးကပဲ ဖန်တွေကို ရူးသွပ်စေနိုင်တာ မဟုတ်လား။ ဟုတ်ပါတယ်။ ဒါက မားကတ်တင်းနည်းဗျူဟာတစ်ခုလို့ ပြောနိုင်တယ်။ ဒါပေမယ့် Apple က Apple ဖြစ်နေတုန်းပဲလေ။ သူတို့ထုတ်ကုန်တွေက အမြဲတမ်း တိုးတက်ပြောင်းလဲနေတာမလား။ စျေးနှုန်းကိုနည်းပါစေလို့ပဲ မျှော်လင့်ကြတာပေါ့။
Ref : pocketnow
Credit Post – Myanmar Mobile App