Home Review 2018 MacBook Air ရဲ့ အကောင်းဆုံးသော Features များ

2018 MacBook Air ရဲ့ အကောင်းဆုံးသော Features များ

435

ကျနော့်အနေနဲ့ Mac mini အကြောင်းကို ပြောမှာ မဟုတ်သလို သူ့ကို Upgrade လုပ်မယ့် ကိစ္စကိုလည်း ဘယ်လိုမှ စဉ်းစားတွေးကြည့်မှာတောင် မဟုတ်ပါဘူး ။ 

ဘာလို့လဲဆိုတော့ ဆက်ပြီး ထုတ်မှာ မဟုတ်လောက်ဘူးလို့ ယူဆထားရတဲ့ MacBook Air ကို Honest-to-god update အဖြစ် Apple က ထုတ်ပေးလိုက်လို့ပဲ ဖြစ်ပါတယ် ။ 

အခုတော့ Retina Display ရယ် , Iconic Design တို့နဲ့အတူ ထွက်ရှိလာပါပြီ ။ 

ကဲ ဆက်ပြီး ဖတ်ကြည့်လိုက်ရအောင်ဗျာ ။ 

Retina Display

ကျနော်တို့ မျှော်လင့်နေခဲ့တဲ့ Feature တွေနဲ့ စလိုက်ကြရအောင် ။ 

New MacBook Air ဟာ ( 13.3 ) လက်မ Display နဲ့ဖြစ်ပြီး ( 4 ) million pixels ပါတဲ့ ( 2560 x 1600 ) resolution နဲ့ ပွဲထွက်လာခဲ့ပါတယ် ။ Display မှာ True Tone Feature မပါဝင်လာပေမယ့် Vivid Colors ရယ် , အရင်ထွက်ခဲ့ပြီးတဲ့ Generation တွေထက် ( 48 % ) အရောင်အသွေးကတော့ ပိုလာပါတယ် ။ 

Display ရဲ့ Aspect Ratio ကတော့ ( 16:10 ) ပါပဲ ။ ဒါပေမယ့် Iconic Aluminum Bezel ကတော့ မပါတော့ပါဘူး ။ အဲဒီအစား Black Bezel ဖြင့် ဆိုဒ်ရဲ့ တစ်ဝက်လောက်ကို အစားထိုးလိုက်ပါတယ် ။ 

100 ရာခိုင်နှုန်း Recycled ပြန်လုပ်နိုင်တဲ့ Aluminum ဖြင့် ပြုလုပ်ထားပါတယ် ။ 

New Design

MacBook Air မှာ Iconic Wedge Shape ကတော့ ကျန်ရှိနေပါသေးတယ် ။ ဒါပေမယ့် ဒီဇိုင်းအားလုံးကတော့ Brand New ဒီဇိုင်းနဲ့ပဲ ဖြစ်ပါတယ် ။ MacBook Air အသစ်ဟာ ( 15.6 ) mm အထူပဲ ရှိပါတယ် ။ အလေးချိန်အားဖြင့် ( 2.75 ) ပေါင် ရှိပါတယ် ။ အရင် ထွက်ခဲ့တဲ့ MacBook Air ထက် လေးပုံတစ်ပုံလောက်ပဲ ရှိတဲ့ အလေးချိန်ပဲ ဖြစ်ပါတယ် ။ 

သေးငယ်သွားတဲ့ Bezels တွေကို ကျေးဇူးတင်ရမှာပါပဲ ။ အဲဒါကြောင့်ပဲ MacBook Air အသစ်ဟာ အရင်အဟောင်းထက် Footprint ( 17 ) ရာခိုင်နှုန်းလောက်ကို Smaller ဖြစ်သွားပါတယ် ။ 

Touch ID

MacBook Air သည် Touch Bar မပါဝင်ပဲ Touch ID ပါဝင်တဲ့ ပထမဆုံးသော MacBook ဖြစ်ပါတယ် ။ Apple ဟာ Function Row ကို သေးငယ်အောင်လို့ စီစဉ်ထားပါတယ် ။ 

Touch ID System မှာ T2 Chip နဲ့ ထိမ်းချုပ်ထားပါတယ် ။ T2 Chip ဟာ Enclave နဲ့ Boot တို့ကို Secure ဖြစ်စေရန် Run ပေးပါတယ် ။ ဒါ့အပြင် MacBook Air ပေါ်ကနေလည်း Hey Siri ကို Access လုပ်ပြီး အသုံးပြုနိုင်တဲ့အတွက်လည်း T2 Chip ကို ကျေးဇူးတင်ရပါမယ် ။ 

The Specs

MacBook Air ဟာ ( 1.6 ) GHz Dual-Core Core i5 Processor နဲ့ပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင်မှုတွေအတွက်ကတော့ လုံလောက်ပါတယ် ။ Intel ၏ 8th Generation ဖြစ်တဲ့ Intel UHD 617 Graphics ကို Coupled ထည့်ပေးထားပါတယ် ။ ဒါ့အပြင် Thunderbolt Port ကို အသုံးပြုပြီး External Graphics ကို ထပ်ပြီး ထည့်လို့ ရပါသေးတယ် ။ 

RAM အနေဖြင့် 8 GB ပါဝင်ပြီး 16 GB အထိ ထပ်မြှင့်လို့ ရပါဦးမယ် ။ 

Base Model အနေဖြင့် 128 GB SSD နဲ့ ထွက်လာပြီး 1.5 TB အထိလည်း ထပ်တိုးချဲ့လို့ ရပါမယ် ။ 

Battery Life ကတော့ အတူတူပါပဲ ။ Web Browsing ကို ( 12 ) hours ရပါမယ် ။ ဒါပေမယ့် Video ကြည့်ရှုရာမှာတော့ ( 13 ) hours ခံပါမယ် ။ 

Thunderbolt USB-C Ports

MacBook Air တွေဟာ USB-A Port ကို အသုံးပြုနေခဲ့ရာမှ အခုတော့ Thunderbolt USB-C Ports ( 2 ) ခုနဲ့ ပြောင်းလဲလိုက်ပါပြီ ။ သင့်အနေဖြင့် Accessories တွေနဲ့ Connect လုပ်လိုပါက Dongles ကို အသုံးပြုရပါမယ် ။ 

3rd Generation Butterfly Keyboard

Latest MacBook Pro , MacBook တို့မှ Keyboard ကိုပဲ MacBook Air မှာ အသုံးပြုထားပါတယ် ။ MacBook Air ရဲ့ Keyboard ဟာ Laptop တွေထဲမှာတော့ အကောင်းဆုံးသော Butterfly Keyboard တစ်ခု ဖြစ်ပါတယ် ။ 

20% Larger Force Touch Trackpad

Force Touch Trackpad အတွက် Trackpad နည်းလမ်းဟောင်းကိုပဲ အသုံးပြုထားပါတယ် ။ Physical Click Mechanism အစား Haptic Feedback ကို အသုံးပြုထားပါတယ် ။ ဒီ Trackpad ရဲ့ မျက်နှာပြင်ကကို အခြားသော Older Model တွေနဲ့ နှိုင်းယှဉ်ပါက ( 20 % ) ပိုပြီး ကြီးပါတယ် ။ 

Louder Speakers

သင့်အနေဖြင့် MacBook Air ပေါ်ကနေ Movies ကြည့်ရှု အချိန်ဖြုန်းလေ့ ရှိတတ်တဲ့ သူဆိုရင်တော့ Speaker System အသစ်ကို နှစ်ခြိုက်မိပါလိမ့်မယ် ။ Bass တွေက ပိုပီသပြီး ( 25 % ) ပိုကျယ်လာလို့ပဲ ဖြစ်ပါတယ် ။ 

Three Color Options

Space Grey , Silver and Gold ဆိုပြီး သင်ရွေးချယ်စရာတွေ ရှိပါမယ် ။ 

Are You Buying One?

MacBook Air အသစ်ကို 128 GB SSD Model အတွက် ( $1199 ) ကနေ စပါမယ် ။

Pre-Order အနေဖြင့် ယခုမှာယူနိုင်ပြီဖြစ်ပြီး November 7 ရက်နေ့မှာတော့ Shipping စပါမယ် ။ 

Credit Khamosh Pathak ( iPhoneHacks ) 

အားလုံးအဆင်ပြေချမ်းမြေ့ကြပါစေ ။ 

ဇာနည် ( iOS Banker Myanmar )