3D Touch Sensitivity ကို Adjust လုပ်နည်း

595

Backlight နဲ့ Glass ကြားမှာ သေးငယ်မှုန်မွှားသော ပြောင်းလဲမှုတွေကို သိရှိ ခံစားနိုင်တဲ့ Sensors ( 96 ) ခုကို iPhone 6S တို့ , iPhone 7 တို့ကနေစပြီး အသုံးပြုထားပါတယ် ။ ကွဲပြားခြားနားတဲ့ အနေအထား အမျိုးမျိုးကနေ ဖိလိုက်တဲ့အပေါ် မူတည်ပြီး သိရှိခံစားနိုင်တဲ့ အဆိုပါ နည်းပညာကို 3D Touch လို့ ခေါ်ဝေါ်ကြပါတယ် ။ 

iOS ရဲ့ Setting တွေ , ဒေါင်းလုတ်ဆွဲထားတဲ့ Applications တွေ အပေါ်မှာ 3D Touch ကို အသုံးပြုလိုက်ပါက သူတို့နဲ့ ဆက်စပ်နေတဲ့ Menu Options တွေ ပေါ်လာပါလိမ့်မယ် ။ တစ်ခါထဲ Do မလား ၊ လင့်ကိုပဲ Share မလား လုပ်ကိုင်နိုင်မှာဖြစ်လို့ အချိန်ကုန်တွေ သက်သာစေမှာ ဖြစ်ပါတယ် ။ 

Pressure ဆိုတဲ့ ကိုယ်ဖိလိုက်တဲ့ အပေါ်မှာ မူတည်ပြီး 3D Touch က အလုပ်လုပ်မှာမို့ 3D Touch Sensitivity ကို နှစ်သက်ရာ ချိန်ညှိပေးထားလို့ ရပါတယ် ။ 

( 1 ) Setting ကို သွားပါ ။ 

( 2 ) General ကို ဝင်ပါ ။ 

( 3 ) Accessibility ကနေ 3D Touch ကို ထပ်ဝင်ပါ ။ 

( 4 ) 3D Touch Sensitivity Slider ကို တွေ့လျှင် နှစ်သက်ရာ Pressure Sensitivity ကို ရွေးချယ်ပေးပါ ။ 

( Light , Medium & Firm ဆိုပြီး ( ၃ ) မျိုး ရှိပါတယ် ။ 

  • Light က ဖိထားဖို့ အားသိပ်ပြီး စိုက်စရာ မလိုပါဘူး ။ 
  • Medium က အသင့်အတင့်ပဲ ဖိထားဖို့ လိုပါမယ် ။ 
  • Firm ကတော့ အတော်လေး ဖိမှသာ 3D Touch Sensitivity က အလုပ်လုပ်မှာ ဖြစ်ပါတယ် ။ ) 

ရွေးချယ်မှု ပြုထားတဲ့ Sensitivity ကို စမ်းသပ်ရန် အောက်မှာ ပုံလေး ရှိပါတယ် ။ သူ့ကို ဖိနှိပ်ပြီး 3D Touch ရဲ့ Pressure Sensitivity ကို စမ်းသပ်နိုင်ပါတယ် ။ 

( 3D Touch Sensitivity ကို ဖိနည်း ) 

3D Touch Sensitivity အလုပ်လုပ်ပုံကို သိရှိရန် အိုင်ကွန်ပေါ်ကို Tap လိုက်ပါ ။ ဖွဖွလေး ဖိထားရာကနေ ဖြည်းဖြည်းချင်း ခပ်တင်းတင်းလေး ဖိပစ်လိုက်ပါ ။ ဒါဆို သူနဲ့ ပါတ်သက်တဲ့ သက်ဆိုင်ရာ Menu လေး ပေါ်လာပါလိမ့်မယ် ။ 

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။ 

ဇာနည် ( iOS Banker Myanmar ) 

Facebook Comments
950 Shares