Home Knowledge AI နည်းပညာ ဆိုသည်​မှာ

AI နည်းပညာ ဆိုသည်​မှာ

376

2017 ​လောက်​က​နေစပြီး​တော့ Smartphones ​တွေမှာ AI ဆိုတာကို စပီး​တော့ လူ​တော်​​တော်​များများသတိထားလာမိကြလာပါတယ်​။

Artificial Intelligence(AI) ဆိုတာက​တော့လူသားေ​တွဖန်​တီးထားတဲ့ ဉာဏ်​ရည်​တု နည်းပညာတစ်​ခုပါ။ လူသား​တွေရဲ့ ဦး​နှောက်​ရဲ့လုပ်​​ဆောင်​နိုင်​စွမ်းကို တုပထားတဲ့ အသိဉာဏ်​တစ်​မျိုးဖြစ်​ပါတယ်​။ မနှစ်​ကစပြီး Smartphone Company​တော်​​တော်​များများဟာ AI အသုံးပြုထားတဲ့ Smartphone ​တွေကို စတင်​ထုတ်​လုပ်​လာခဲ့ပါတယ်​။ Companyတစ်​ခုနဲ့တစ်​ခုဟာ AI ကို အသုံးပြုတဲ့​နေရာခြင်းက​တော့ အနည်းငယ်​ကွဲပြား​နေခဲ့ပါတယ်​။တစ်​ချို့​သောCompany​တွေက Camera ပိုင်းမှာ AI ကိုအသုံးပြုတယ်​။တစ်​ချို့က​တော့ Battery ပိုင်း ဒါမှမဟုတ်​ System ကြီးတစ်​ခုလုံးအတွက်​ AIကို အသုံးပြုလာကြပါတယ်​။ ထို company​တွေထဲမှာ Apple, Google,Huawei,LG,Amazon,Microsoft,Samsung စတဲ့ ထိပ်​တန်းနည်းပညာ companyကြီး​တွေပါဝင်​​နေပါတယ်​။ ဘယ်​ company​တွေက AIကို ဘယ်​​နေရာမှာ အသုံးပြု​နေလည်းဆိုတာကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​။

Apple

ပထမဆုံး One Trillion တန်​တဲ့ နည်းပညာ companyကြီးက​တော့ မနှစ်​က ထွက်​တဲ့ Iphone X ကစပီး​တော့
AI technologyကို smartphone မှာ စတင်​အသုံးပြုလာပါတယ်​။ ဒါ​ပေမယ့်​ Iphone Xမှာက​တော့ Imaging နဲ့
Animation ပိုင်းမှာ AIကို အသုံးပြုထားကို​တွေ့ခဲ့ရပါတယ်​။A11 bionic chipက​နေစပီး Iphone Xမှာ Neural engine ကိုထည့်​သွင်းခဲ့ပါတယ်​။ အဲဒီ Neural Engine ပါလာတဲ့အတွက်​​ကြောင့်​လည်း Iphone X မှာ 3D face IDကို စတင်​ထည့်​သွင်း​ပေးနိုင်​ခဲ့တာလည်းဖြစ်​ပါတယ်​။
လူရဲ့ face ကို 3D map အ​နေနဲ့ True depth cameraကဖမ်းယူပီး reconize လုပ်​ကာlock ဖွင့်​​ပေးတာဖြစ်​ပါတယ်​။ ​နောက်​ထပ်​ Iphone Xမှာပါလာတဲ့ Animoji ကလည်း AI ကို အ​ခြေခံပီး လုပ်​​ဆောင်​တာပဲဖြစ်​ပါတယ်​။ လူရဲ့မျက်​မှာ အစိတ်​အပိုင်း တစ်​ခုချင်းရဲ့လုပ်​ရှားမှု​တွေကို Minimal Lag နဲ့ Phone Display​ပေါ်မှာ Animojiအဖြစ်​နဲ့ပြသ​ပေးခြင်းဖြစ်​ပါတယ်​။ ဒါ​တွေကလည်း AI အသုံးပြုထားတဲ့ နည်းပညာတစ်​ခုပဲဖြစ်​ပါတယ်​။နောက်​ဆုံးထွက်​ရှိထားတဲ့ Iphone XRမှာဆိုရင်​လည်း Single camera ကို အသုံးပြုပီး AI နဲ့ Portrait modeရ​အောင်​ပြု လုပ်​​ပေးထားတာကို​တွေ့ရမှာပါ။ Augmented Reality ဆိုတဲ့ ARနည်းပညာကိုလည်း အခုApple ကသူ့ရဲ့ ARKit Softwareနဲ့ လုပ်​​ဆောင်​လာတာကို​တွေ့ရပါတယ်​။
Ipad pro 2018မှာဆိုရင်​ ARနဲ့ AI တွဲကာ Photoshopကို Layer ​တွေခွဲပြီး အသုံးပြုသွားတာကိုကြည့်​ခြင်းဖြင့်​ AI စွမ်းအင်​မှာ ဘယ်​​လောက်​အ​ရေးပါလာမှန်းသိသာပါတယ်​။

Google

Google က​တော့ ထူးခြားပါတယ်​။သူ့ရဲ့ Flagship Phone ​တွေဖြစ်​တဲ့ second generation Pixel 2 နဲ့ Pixel 2XLမှာ AI ကိုစတင်​အသုံးပြုလာပါတယ်​။သူက​တော့ camera ​နေရာမှာအဓိကအ​နေနဲ့အသုံးပြုလာတာကို​တွေ့ရပါတယ်​။သူများ​တွေက ​ခေတ်​စားလာတဲ့ Portrait Mode ရဖို့အတွက်​ Dual Camera, Triple Camera ​တွေ အသုံးပြုလာချိန်​မှာ သူက​တော့ Single Camera တစ်​လုံးတည်းနဲ့ ​သေသပ်​လှတဲ့portrait ပုံ​တွေကို AI အကူအညီနဲ့ လုပ်​ပြသွားတာကို မနှစ်​က ​တွေ့ခဲ့ရပါတယ်​။ ဒီနှစ်​ ထွက်​ရှိထားတဲ့ Pixel 3 မှာဆိုလျှင်​ ​ပြေးလွှား​နေတဲ့ အရာ​တွေကိုပါ လိုက်​လံ မှတ်​တမ်းတင်​ထားနိုင်​တဲ့အထိ တိုးတက်​လာတာကို​တွေ့ရပါတယ်​။ AI scene recongnition ကလည်း အရာဝတ္တု​တွေကို ခွဲခြားသိမြင်​နိုင်​​နေပြီဖြစ်​ပါတယ်​။ဘယ်​ဟာကလူ ဘယ်​ဟာက Background ဆိုတာကို ခွဲခြားသိမြင်​နိုင်​စွမ်းဟာအလွန်​ကို တိုးတက်​လာပါတယ်​။ တိုးတက်​လာ​လေ Single Camera Portraitဟာ​ကောင်းမွန်​​လေဖြစ်​လာပါမယ်​။
AI အသုံးပြုထားတဲ့ Google Night Sight ဟာဆိုလျှင်​ Low Light Photographyမှာ အလွန်​ကို ​ကောင်းမွန်​တဲ့ Feature တစ်​ခုဖြစ်​လို့​နေပါပြီ။နောက်​ပီး Assistant တစ်​ခုဖြစ်​တဲ့Google Assistantဟာဆိုရင်​လည်း AI တစ်​ခုပင်​ဖြစ်​ပါသည်​။လူနှုတ်​က ထွက်​လာတဲ့ စကားလုံးများကို စာလုံးအဖြစ်​စီစဉ်​ကာ Search ​ပေးနိုင်​တဲ့ AIတစ်​ခုဖြစ်​လာပါတယ်​။ Apple ရဲ့ Siri​နောက်​မှာ​ပေါ့။နောက်​ပီး Google Lens ဟာလည်း အလွန်​ကို ​ကောင်းမွန်​ အသုံးဝင်​တဲ့ AI အသုံးပြု appတစ်​ခုဖြစ်​လာပါတယ်​။ Pixel 2 pixel 2xl ​တွေရဲ့ camera ကိုအသုံးပြုကာ Web Address ​တွေ လမ်းနာမည်​​တွေ ကို reconize လုပ်​ကာ user ထံပို့​ပေးနိုင်​သည်​အထိ powerful ဖြစ်​လာပါတယ်​။
Pixel ဖုန်း​တွေမှာသာမက Android Oreo အသုံးပြုထားတဲ့ ဖုန်း​တွေမှာလည်း Google Lens ကိုအသုံးပြုနိုင်​ပါတယ်​။

Samsung

Samsungက​တော့ သူ့ရဲ့ AI assistant ဖြစ်​တဲ့ Bixbyကို Glaxy S8မှ စတင်​ မိတ်​ဆက်​ပြီး Smartphone AI ​လောကထဲဝင်​လာပါတယ်​။Apple ရဲ့ Siri ရဲ့မတူတဲ့အချက်​က​တော့ Bixbyက camera ကိုအသုံးပြု၍ အရာဝတ္ထု​တွေကို Identify လုပ်​နိုင်​ခြင်းပဲဖြစ်​ပါတယ်​။ထို့အပြင်​ Language ​တွေကိုလည်း Translate လုပ်​​ပေးနိုင်​ပါတယ်​။ ဘယ်​လိုပဲဖြစ်​ဖြစ်​ Reviewer ​တွေက​တော့ Samsungရဲ့ Bixbyကို Google Assistant​လောက်​​တောင်​ မကြိုက်​ကြတာကို​တွေ့ရပါတယ်​။

Huawei

Huawei က​တော့ AIကို စတင်​မိတ်​ဆက်​ခဲ့တာက​တော့ သူ့ရဲ့ Dedicated AI chip ဖြစ်​တဲ့ Kirin 970 SOCနဲ့ အတူတူဖြစ်​ပါတယ်​။ အဓိကအသုံးပြုတာက​တာ့cameraအတွက်​ပဲ ဖြစ်​ပါတယ်။Texts,human,portrait,food,people,animal ​တွေကိုခွဲခြားသိမြင်​ဖို့အတွက်​AIကို powerလုပ်​ထားခြင်းဖြစ်​ပါတယ်​။ AI ကိုအသုံးပြုပီး power အသုံးပြုမှုကိုပါထိန်းချုပ်​နိုင်​လာပါတယ်​။Leica Co-engineer လုပ်​ထားတဲ့ camera​တွေရယ်​ AI power ရယ်​​ပေါင်းစပ်​လိုက်​တဲ့အခါမှာ​တော့ ဘယ်​သူမှမမှီတဲ့ camera အရည်​အ​သွေးကိုရရှိလာတယ်​ဆိုတာငြင်းမရပါဘူး။ Nice Working Huawei။

Amazon

Amazon က​တော့ သူ့ရဲ့ AI engine ဖြစ်​တဲ့ Alexaကို smart speaker ​တွေနဲ့ ​ပေါင်းစပ်​ကာ ​ဈေးကွက်​မှာ​ရောင်းချ​နေပါတယ်​။သူက​တော့ Siri,Google AssistantလိုမျိုးပဲAIတစ်​ခုဖြစ်​ပါတယ်​။ထူးထူးခြားခြား ရယ်​လို့သိပ်​မပါဝင်​လှပါဘူး။ Mate 10 pro နဲ့ HTC U 11လိုဖုန်း​တွေမှာ Amazon Alexa ကို ထည့်​သွင်း​ပေးထားပါတယ်​။

အခုကျွန်​​တော်​​ရေးသား​ပေးထားတာ​တွေက​တော့ Smartphone ​လောကမှာ တစ်​ရက်​ထက်​တစ်​ရက်​ တိုးတက်​လာတဲ့ AI နည်းပညာ ကို အကျဉ်းခြုံး​ဖော်​ပြထားခြင်းပဲဖြစ်​ပါတယ်​။

Post By – TextForTech