AirPods နဲ့ AirPods Case ပျောက်ဆုံးခဲ့လျှင် ရှာဖွေနည်း

AirPods တွေဟာ အမှတ်တမဲ့ ဖြစ်တတ်တဲ့သူတွေအတွက် ပျောက်ရှလွယ်ပါတယ် ။ တော်တော့်ကို လွယ်တာပါ ။ အာ့လိုပဲ သူ့ကို ထည့်သွင်းပြီး Charging လုပ်လို့ရတဲ့ AirPods Case ဟာလည်း သေးငယ်တဲ့အတွက် အထားမှားလွယ် မေ့ကျန်ခဲ့ လွယ်ပါသေးတယ်

ဒီတော့ အခုလိုမျိုး AirPods တစ်ဖက်ပဲဖြစ်ဖြစ် ၊ တစ်စုံလုံးပဲဖြစ်ဖြစ် မေ့ခဲ့ ကျန်ခဲ့ ပျောက်ခဲ့သည်ရှိသော် ဘယ်လို ပြန်ရှာရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပါမယ် ။ AirPods Case ကိုလည်း ဒီနည်းတွေနဲ့ပဲ ရှာလို့ ရပါတယ် ။

အသံဖြင့် ရှာဖွေနည်း

$69 ထပ်ပြီး မကုန်အောင်လို့ ဒီနည်းလမ်းလေးကို အရင်ဆုံး စမ်းကြည့်ရပါမယ် Find my AirPods Feature ဟာ Find my iPhone လိုပါပဲ  သူလည်း Find my iPhone App ထဲမှာပဲ ရှိတာပါ ။

Find my iPhone Feature ကိုသာ Enable လုပ်ထားပြီးသားဆိုလျှင် Find my AirPods Feature သည်လည်း အလိုအလျှောက် Enable ဖြစ်ပြီးသား ဖြစ်ပါတယ် ။ တစ်ဖက်ပဲပျောက်ပျောက် , တစ်စုံလုံးပဲ ဖြစ်ပါစေ ။ Case ချည်းပဲ ပျောက်စေဦးတော့ ဒီ Find my AirPods Feature နဲ့ အလွယ်တကူ ရှာဖွေမှု ပြုနိုင်ပါတယ် ။

Step 1  iPhone ပေါ်က Find my iPhone App ထဲကို ဝင်လိုက်ပါ  Apple ID ကို Sign in မလုပ်ရသေးဘူးဆိုလျှင် အရင်ဆုံး လုပ်လိုက်ပါ ။

 

Step 2 ပေါ်လာတဲ့ List ထဲက AirPods ကို နှိပ်လိုက်ပါ ။

Map ပေါ်မှာ AirPods ရှိတဲ့ နေရာကို ပြပေးပါလိမ့်မယ်  iPhone နဲ့ နောက်ဆုံး ချိတ်ဆက်ခဲ့သည့် နေရာကို ပြသပေးမှာပါ ။

Step  3  Green Dot လေးကို မြင်ရလျှင် AirPods ဟာ Online ပေါ်မှာ ရှိနေသေးပြီး အနီးအနားမှာပဲဆိုတာ သေချာနေပါပြီ ။ Play Sound ကို နှိပ်လိုက်ရပါမယ် ။ ဒါဆို AirPods ပေါ်မှ အသံဟာ တဖြည်းဖြည်းနဲ့ ကျယ်လောင်စွာ ထွက်ပေါ်လာပါလိမ့်မယ် အခု အသံကြားတဲ့နောက်ကို လိုက်ပြီး AirPods ကို ရှာဖွေလို့ ရပါပြီ ။

ဝေးဝေးလံလံရောက်နေသည့် AirPods ရဲ့ နေရာကို ရှာဖွေနည်း

Step 4 Online ပေါ်မှာတော့ ရှိသေးတယ် ။ ဒါပေမယ့် အရမ်းဝေးတဲ့ နေရာမှာ ရောက်နေတယ်ဆိုလျှင်တော့ Car ပုံစံ ခလုတ်လေးကို နှိပ်လိုက်ပါ ။ AirPods ရှိနေတဲ့ အရပ်ဆီ သွားနိုင်ရန် ပြပေးပါလိမ့်မယ် ။

Offline ဖြစ်နေတဲ့ AirPods Case ကို ရှာဖွေနည်း

AirPods Case တနေရာရာမှာ ကျန်ခဲ့မယ် ၊ ဒါမှမဟုတ် သူတို့ရဲ့ Battery အား ကုန်သွားတယ် ဆိုပါစို့ ။ AirPods တွေဟာ Offline ဖြစ်သွားပါပြီ ။

Find my iPhone ကို အရင်က အသုံးမပြုခဲ့ဖူးဘူးဆိုလျှင် ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် Offline အနေဖြင့်ပဲ ပြသပေးပါလိမ့်မယ် ။ ဒါပေမယ့် သူတို့ Online ပြန်ဖြစ်တဲ့အခါမှာတော့ နောက်ဆုံးရှိနေခဲ့တဲ့ နေရာကို ပြပေးသွားပါလိမ့်မယ် ။

Step  5  Find my iPhone App ကို ဝင်လိုက်ပါ List ထဲက AirPods ကို နှိပ်လိုက်ပါ ။

Step  6 Grey Dot အနေဖြင့် ပြသနေလျှင် AirPods တွေဟာ Offline ဖြစ်နေတာပါ ဒါပေမယ့် Map အပေါ်မှာတော့ Last Location အဖြစ် မြင်တွေ့နိုင်ပါတယ် ။

Car ခလုတ်လေးကို နှိပ်ပါက AirPods နောက်ဆုံး ရှိနေခဲ့တဲ့ နေရာကို ပြသပေးမှာ ဖြစ်ပါတယ် ။ AirPods တွေ Offline ဖြစ်နေတဲ့အခါမှာတော့ Play Sound ကို အသုံးပြုနိုင်မှာတော့ မဟုတ်ပါဘူး ။

ဒါကြောင့် AirPods နောက်ဆုံး ရှိနေခဲ့တဲ့ အရပ်ကို သွားပြီး သူတို့ Online ပြန်ဖြစ်တဲ့အခါမှ Play Sound ကို နှိပ်ပြီး အသံကျယ်လောင်စွာ ထွက်စေပြီး ရှာဖွေရမှာပဲ ဖြစ်ပါတယ် ။

Via iPhoneHacks

အားလုံးချမ်းမြေ့ကြပါစေ

ဇာနည် iOS Banker Myanmar