Apple id ရဲ့ Password မေ့ခဲ့ရင် အလွယ်ကူဆုံး Reset လုပ်နည်း

စာရေးသူ ယခုပြောပြပေးမယ့်နည်းက Password မေ့နေတယ့် Apple id ကို ဖုန်းထဲမှာ Sign in ဝင်ထားတယ့်အခြေအနေနဲ့မှ Reset လုပ်လို့ရမှာပါ။ နည်းလမ်းက အရမ်းလွယ်ပါတယ်။

ကဲစလိုက်ရအောင်

Phone Setting ထဲ ဝင်ပီး မိမိ Name နဲ့ Profile ထဲဝင်ပါ။

Password & Security ထဲ ဝင်ပါ။

Change Password ထဲဝင်ပါ။

မိမိဖုန်းရဲ့ Passcode 4 လုံး / 6 လုံး ရိုက်ထည့်ပေးပါ။

ဒါဆိုရင်တော့ Apple id ရဲ့ Password အသစ် ပြန်ချိန်းလို့ရပါပီ။

သင့်ရဲ့ Apple id / iCloud Acc ရဲ့ Password ကို ဘယ်တော့မှ မမေ့လိုက်ပါနဲ့ Password တစ်ခုထဲမဟုတ်ပါဘူး Apple id / iCloud Acc ရဲ့ info တွေအကုန် မှတ်သားထားဖို့လိုပါမယ်။