Home News Apple Music App ကို Android Device တွေမှာ အသုံးပြုကြမယ်

Apple Music App ကို Android Device တွေမှာ အသုံးပြုကြမယ်

4691

Apple Music ဟာဆိုရင် ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ စုံလင်တဲ့ Feature တွေပါဝင်တဲ့အတွက်ကြောင့် iPhone အသုံးပြုသူတို့ သိကြတဲ့အတိုင်းပဲ ကြိုက်နှစ်သက်ကြပါတယ်။ အခုဆိုရင်တော့ Apple Music ကို Android ဖုန်းတွေမှာပါ အသုံးပြုခွင့်ရနိုင်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

Apple Music ကို အသုံးပြုနေကြတဲ့ iPhone အသုံးပြုသူတို့အတွက်တော့ Apple Music မှာ ပါဝင်တဲ့ Feature တွေကို သိပြီးသားဖြစ်ပေမဲ့ Android အသုံးပြုသူတို့အတွက်တော့ သိအုံးမှာမဟုတ်ပါဘူး။ ဒါကြောင့် Apple Music မှာ ပါဝင်တဲ့ Feature တွေကို လေ့လာကြည့်တဲ့အခါ Library , For You , Broswer , Radio စတဲ့ Feature တွေပါဝင်ပါတယ်။

iPhone အသုံးပြုသူတို့ စိတ်ကြိုက်ဖြစ်တဲ့ Apple Music ရဲ့ iOS Feature အချို့ကို Android version မှာလည်း ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ် Apple Music ကို အသုံးပြုကြတဲ့ Android အသုံးပြုသူတို့အနေနဲ့ iOS က Apple Music အတိုင်း Sing In အရင် ဝင်ရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ Sing In ဝင်ထားမှသာ Apple Music ကို မိမိရဲ့ Android ဖုန်းမှာ မိမိကိုယ်ပိုင် အကောင့်နှင့် စိတ်ကြိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Apple Music App Download Link