Background running error ရှိနေတဲ့ iOS 13.2 update

iOS 13 ဟာ အရေးပါတဲ့အပြောင်းအလဲတွေကိုယူဆောင်လာတဲ့ major update တစ်ခုဖြစ်ပြီး stable version အနေနဲ့ထွက်လာပြီဖြစ်တဲ့အတွက်လူတော်တော်များများလဲတင်ထားပြီးသားဖြစ်ကြမှာ ပါ။ အခုနောက်ဆုံးထွက်ထားတဲ့13.2 update မှာတော့ background apps တွေကိုပိတ်ပစ်တဲ့ပြသနာ ကြုံတွေ့နေရပြီး multitasking လုပ်ရတာလုံးဝအဆင်မပြေကြတောဘူးလို့ဆိုပါတယ်။

ဒီ update မှာ Deep fusion, emoji အသစ်, Siri privacy settings စတဲ့ feature အသစ် တွေပါဝင်ပါတယ်။ Deep fusion လိုချင်တဲ့ user အများစုက update ရတာနဲ့တင်ကြပါတယ်။ အဲ့မှာပြသနာကစတာပါပဲ။ Background downloads တွေက hang နေပြီးရှေ့ဆက်မသွားတော့တာ၊ multitasking လုပ်ဖို့ဘယ်လိုမှအဆင်မပြေတော့တာတွေဖြစ်ကုန်ကြပါတယ်။ Apple အနေနဲ့သူ့ရဲ့ developer တွေကို update တွေမထုတ်ပေးခင်မှာ bug တွေစစ်ဆေးပြင်ဆင်ဖို့လုံလောက်တဲ့အချိန်မပေးတဲ့အတွက်ဒီလိုဖြစ် ရတယ်လို့ ဝေဖန်ခံနေရပါတယ်။

Youtube video တစ်ခုကို safari မှာဖွင့်ပြီးတခြား app တစ်ခုကိုပြောင်းလိုက်တာနဲ့ အဲ့ဒီ youtube video ကိုအစကနေပြန်စပြီး loading လုပ်နေတော့တာပါပဲ။ Ram 6GB ရှိတဲ့ iPad Pro မှာတောင်အဲ့ပြသနာကြုံနေရပြီး Mail app မှာဆိုအရမ်းသိသာပါတယ်။ Mail application ကိုမဖွင့်မချင်းဘာ message မှမရောက်လာပါဘူး။ Safari မှာလဲ webpages တွေက blank တွေဖြစ်နေတတ်ပြီး reader view နဲ့မှ loading လုပ်တယ်လို့ဆိုပါတယ်။

သင့်အနေနဲ့ update မတင်ရသေးဘူးဆိုရင်တော့ ဒီ iOS 13.2 ကိုလောလောဆယ်မတင်သေးဖို့ အကြံပြုချင်ပါတယ်။ တင်ထားပြီးအထက်ပါပြသနာတွေနဲ့ကြုံနေရရင်လဲစိတ်မပူပါနဲ့ သင်တစ်ယောက် တည်းဖြစ်နေတာမဟုတ်ပါဘူး။ Apple ကနောက် update တစ်ခုနဲ့ပြန်ပြင်ပေးပါလိမ့်မယ်။

Ref; https://9to5mac.com/2019/11/01/ios-13-2-killing-background-apps/

ဘာသာပြန်ရေးသားသူ – Technoland

https://www.facebook.com/135944769800930/posts/3170852416310135?d=n&sfns=mo

Facebook Comments

Be the first to comment

Leave a Reply

Your email address will not be published.


*