Caviar iPhone X ‘ Tesla ‘

2699

နာမည်ကျော် Caviar ကုမ္ပဏီက Built-in Solar Panel ပါဝင်ပြီးသားဖြစ်တဲ့ Limited Edition iPhone X ‘ Tesla ‘  ကို ထုတ်ပြခဲ့ပါတယ် ။ 

ကုမ္ပဏီက အဆိုပါ Tesla မှာ Carbon ကို အခြေခံထားပြီး ရွှေနဲ့ အလှဆင်ထားမှုတွေ ပါပါတယ် ။ ဒါ့အပြင် Charging Shock – Resistant Plate စသည့် နည်းပညာကိုပါ ထည့်သွင်းပေးထားပါတယ် ။

iPhone X Tesla ကို Light Energy အား အသုံးပြုပြီး ဖုန်းရဲ့ Battery Power ကို ပြန်လည် အားပြည့်သွားစေဖို့အတွက် Solar Battery ကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ် ။ ဒီဖုန်းဟာ လေထဲကနေလည်း တိုက်ရိုက် Power ဝင်နိုင်ပါသေးတယ် ။ ( 😱 ) ဒါဟာ တကယ့်ကို စရိတ်စက မကုန်ကျနိုင်တော့တဲ့ အကုန်အကျ မရှိပဲ ရယူနိုင်တဲ့ Purest Energy နည်းပညာကို အသုံးပြုထားတာပဲ ဖြစ်ပါတယ် ။ Elon Musk ရဲ့ Smart Homes , လျှပ်စစ်အသုံးပြု Battery ကားတို့မှာ တပ်ဆင်ပေးထားတဲ့ Solar Batteries အမျိုးအစားမျိုးနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ် ။ 

အမှန်တကယ် ကုမ္ပဏီက ရည်ရွယ်ထားတဲ့ Limit Production ကတော့ ( 99 ) models ပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် နောက်ဆုံးမှာတော့ Pre-orders က ( 99 ) ကို ကျော်လွန်သွားပြီ ဖြစ်တဲ့အတွက် Number of units ကို ( 999 ) အထိ ထပ်တိုးထုတ်ခဲ့ရပါတယ် ။ 64 GB Model ကို $ 4600 ကနေ စတင်မှာပဲ ဖြစ်ပါတယ် ( တိန် 🤭 ) 

ဒီဖုန်းရဲ့ ဒီဇိုင်းကတော့ Modern ကျတယ် ။ ခပ်တိုတို အရွယ်အစားနဲ့ Monochrome Black Color ကို သုံးထားတယ် ။ Shock-resistant case တပ်ဆင်ပေးထားပြီး ရွှေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေပါ တပ်ဆင်ထည့်သွင်းပေးထားပါတယ် ။ Solar Battery တပ်ဆင်ပေးထားတဲ့ Tesla ရဲ့ စတိုင်ကကို ခေတ်ရှေ့ပြေးနေတဲ့ ဒီဇိုင်းမျိုး ဖြစ်နေပါတယ် ။ ဒီဖုန်းမျိုးကိုမှ Smart Luxury လို့ မခေါ်ရင် ဘယ်ဖုန်းကို ခေါ်ရမလဲ ( 😩 )

Caviar iPhone X ‘ Tesla ‘ 

WHAT IS IN THE BOX

သစ်ဆေးလိုမျိုး သုတ်ထားတဲ့ Luxury Wooden Case ပါဝင်မယ် ။ အထဲမှာတော့ Black Velvet ( ကတ္တီပါအမဲစ ) နဲ့ သပ်ရပ်စွာ ဖုံးအုပ်ထားတယ် ။ နောက်ထပ် … 

  • Apple Caviar iPhone X Tesla
  • Authenticity certificate.
  • USB cable, charger.
  • Stereo set.
  • Warranty certificate စသည်ဖြင့် ပါဝင်ပါဦးမယ် ။ 

ကဲ .. ကဲ .. 

Limited Edition ဆိုတော့ နောက်ကျနေမှာစိုးလို့ အမြန်လေးသာ ပြေးဝယ်ကြပေတော့ဗျို့ ။ 

Admins တို့ကတော့ မမှီမှာစိုးလို့ မှီရာ YBS နဲ့ သွားပြီဗျို့ ။ ( 😝😂 )

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
0 Shares