How to create Apple ID Account on iPhone

359

ဖေ့စဖုတ်ပေါ်က အမေးအမြန်း အထူဆုံးဖြစ်တဲ့ ကျနော်တို့ရဲ့ iOS Banker Myanmar Group ကြီးမှာ မကြာခဏ မေးလေ့ရှိတဲ့ , ရှိတတ်ကြတဲ့ Apple ID ကို ဘယ်လို လုပ်ရမလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ဒီပို့စ်မှာ အသေးစိတ် ဖြေပေးထားပါတယ် ။

လုပ်ရမှာတွေက လွယ်ကူပါတယ် ။

ပုံလေးတွေကို သေချာ ကြည့်ပြီး လုပ်သွားလိုက်ရုံပါပဲ ။

Apple ID လို့ခေါ်တဲ့ Apple ရဲ့ App Store Account တစ်ခုကို ပြုလုပ်ရန်အတွက် သင့်မှာ Email တစ်ခု ရှိနေပြီးသား , လုပ်ထားပြီးသား ဖြစ်ရပါမယ် ။

မရှိဘူး ။

မလုပ်ရသေးဘူး ။

အခုမှ အသစ်တစ်ခုကို အပိုင်ပြုလုပ်ချင်တာ

ဆိုရင်တော့ ….

  • Safari ကနေ gmail လို့ ရိုက်ပြီး သွားပါ ။
  • Create an account ကို နှိပ်ပြီး သွားပါ ။
  • ရှေ့နာမည်တွေ , နောက်နာမည်တွေ ထည့်ပေးလိုက်ပါ ။ ( English လိုနော် )
  • ကိုယ်ပေးချင်တဲ့ Email Name ( Email Address ) ကို ရေးထည့်ပေးပါ ။ နာမည်တူတွေ ရှိနေပြီးသားဆိုလျှင် မတူညီ ကွဲပြားတဲ့ နာမည်တွေကို ရေးထည့်ပေးဖို့ လိုပါမယ် ။
  • Email အတွက် Password ကို သတ်မှတ်ပေး ရပါမယ် ။ ဒုတိယအကွက်မှာလည်း Comfirm ဖြစ်အောင်လို့ အဆိုပါ Password ကိုပဲ ရိုက်ထည့်ပေး ရပါမယ် ။
  • ဖုန်းနံပါတ် ထည့်ပေးလိုက်ပါ ။
  • မွေးသက္ကရာဇ် ထည့်ပေးလိုက်ပါ ။
  • ကျန်တာ ဘာညာကွိကွ နည်းနည်းပါးပါး လုပ်ပြီးသွားရင် သင့်အတွက် ကိုယ်ပိုင် Email Address တစ်ခုကို ရရှိသွားပါပြီ ။

ကဲ .. ကိုယ်ပိုင် Email တစ်ခုကို ရရှိပြီ ဖြစ်တဲ့အတွက် ကိုယ်ပိုင် Apple ID Account တစ်ခုကို ရရှိဖို့ ဆက်ပြီး လုပ်ကြပါမယ် ။ အောက်က ပုံလေးတွေကို အသေးစိတ် ကြည့်ပြီး လုပ်ကြပါလို့ တိုက်တွန်းပါတယ် ။

The End …….

ပြီးပါပြီ ။ 😅

*** လက်ဆောင်မွန် *** ပုံလေးရဲ့ အဆက်ပါ ။

ကိုယ်ပြုလုပ်ထားတဲ့ Apple ID ဖြင့် Applications ဒေါင်းလုတ်ဆွဲရာမှာ သင့်ရဲ့ Country Store မှာ မရှိလို့ Change Store လုပ်ဖို့ လိုအပ်နေလျှင် ( သို့မဟုတ် ) မိမိဖာသာ Store Change ချင်နေတာ ဆိုလျှင်တော့ ဒီလင့်လေးကနေ သွားပြီး ပို့စ်လေးကို သေချာ ဖတ်ကြည့်ပြီး လုပ်ပါလို့ အကြံပြုပါရစေ ။

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
2K Shares