How to Optimise iPhone Battery Charging

( iPhone ဘက်ထရီအားသွင်းနည်းကို မည်သို့အကောင်းဆုံး အသုံးပြုနိုင်မည်နည်း )

18W ဖြင့် အမြန်အားသွင်းနိုင်သည့် အိုင်ဖုန်းမော်ဒယ်အသစ်များရှိသော်လည်း Apple သည် 5W charger ကို ဆက်လက်ထည့်သွင်းရသည့် အကြောင်းရင်းရှိပါတယ် ။ စမတ်ဖုန်းတစ်လုံး၏ ဘက်ထရီကို လျှင်မြန်စွာ အားသွင်းခြင်း ( သို့ ) ၁၀၀% အထိ အားသွင်းထားခြင်းဖြင့် ၄င်း၏ သက်တမ်း သိသိသာသာ လျော့နည်းသွားစေလို့ပဲ ဖြစ်ပါတယ် ။ iOS 13 နှင့်အတူ Apple သည် iPhone ၏ ဘက်ထရီသက်တမ်းကို တိုးမြှင့်စေရန် ရည်ရွယ်သည့် Optimized Battery Charging feature အသစ်ကို မိတ်ဆက်ခဲ့ပါတယ် ။

What is Optimised Battery Charging?

Apple သည် သုံးစွဲသူများအား ၎င်းတို့၏ iPhone ဘက်ထရီကျန်းမာရေးကို ကြည့်ရှုရန်ခွင့်ပြုထားသည့် ကမ္ဘာပေါ်ရှိ ကုမ္ပဏီအနည်းငယ်ထဲမှ တစ်ခုဖြစ်ပါတယ် ။ Apple ဟာ ဒီ Feature ကို iOS 11 မှာ စတင်ထည့်သွင်းပေးခဲ့ပါတယ် ။ iPhones အဟောင်းတွေမှာ CPU Throttling ရရှိဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ် ။ Optimized Battery Charging ဖြင့် Apple သည် iPhone သုံးစွဲသူများအား ၎င်းတို့၏ ဖုန်းဘက်ထရီသက်တမ်းကို ပိုမိုတိုးမြှင့်ပေးရန် နည်းလမ်းတစ်ခုကို ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

သင်ကသာ iPhone ကို တစ်ညလုံး အားသွင်းထားတတ်တဲ့ သူဆိုလျှင် Optimised Battery Charging feature ကို အသုံးပြုဖို့ စိတ်ကူးသင့်တယ်ဗျ ။ တစ်ကြိမ်ဖွင့်ပြီး အားသွင်းတဲ့အခါ သင့် iPhone သည် သင်အားသွင်းသည့် အလေ့အထကို လေ့လာပါလိမ့်မယ် ။ ထို့နောက် သူသည် ပုံမှန် 80% အထိ အားသွင်းပြီး ကျန်အားသွင်းဖို့ ရှိနေသေးသည့် 20% ကို သင်ဖုန်းကို ပြန်အသုံးမည့် အချိန်ကို ခန့်မှန်းပြီး အားကို ဆက်သွင်းပေးသွားမှာပဲ ဖြစ်ပါတယ် ။

စမတ်ဖုန်းအားလုံးနီးပါးသည် အနည်းဆုံး ၈၀% အားသွင်းပြီးသည်နှင့်တပြိုင်နက် ဖြည်းဖြည်းချင်းသာ အားဆက်သွင်းပေးသွားတာ ဖြစ်ကြပါတယ် ။ 80% ခန့်အားသွင်းထားပြီးနောက် စမတ်ဖုန်း၏ဘက်ထရီကို ဆက်လက်ပြီး အားအမြန်သွင်းခြင်းသည် ၎င်း၏သက်တမ်းကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ် ။ Optimized Battery Charging နဲ့အတူ Apple ဟာသင့် iPhone ရဲ့ဘက်ထရီသက်တမ်းကို တိုးမြှင့်ဖို့အတွက် ပြုလုပ်ပေးထားပါတယ် ။

Should You Use Optimised Battery Charging?

အကယ်၍ သင်သည် iPhone ကို တစ်ညလုံး အားသွင်းတတ်သူတစ်ဦးဖြစ်လျှင် Optimized Battery Charging feature ကို ဖွင့်ရန် သေချာစဉ်းစားသင့်ပါတယ် ။ သို့သော် အကယ်၍ သင်က ခရီးအသွားအလာများတဲ့သူဖြစ်လျှင် ( သို့မဟုတ် ) iPhone အားသွင်းသည့်နေရာ မရှင်းလင်းပါက ၎င်းကိုပိတ်ထားသင့်တယ် ။

Enable Optimised Battery Charging On Your iPhone

Step 1: Settings -> Battery -> Battery Health ကို သွားပါ ။

Step 2: Optimised Battery Charging toggle ကို Enable လုပ်ပါ ။

အဆိုပါ နေရာမှာပဲ Peak Performance Capability Option ကို သင့် iPhone ဘက်ထရီရဲ့ Maximum Capacity နှင့်အတူ မြင်တွေ့ရပါလိမ့်မယ် ။ 90% ထက် များနေတာကို တွေ့ရလျှင် သင့် iPhone ရဲ့ အခြေအနေဟာ အလွန်ကောင်းပါတယ် ။ Peak Performance Capability Option ကလည်း အလုပ်လုပ်ဦးမှာ မဟုတ်တဲ့အတွက် သင့် iPhone ၏ Performance ကိုလည်း ထိခိုက်မှာ မဟုတ်ပါဘူး ။ သင့် iPhone ၏ ဘက်ထရီသာ သိသိသာသာ ယိုယွင်းပျက်စီးလာပါက သက်ဆိုင်ရာသတိပေးချက် စာတန်းကို သင်တွေ့ရပါလိမ့်မယ် ။ ထိုသို့သောအခြေအနေမျိုးတွင် iOS က Throttling Feature ကို အလိုအလျှောက် Enable လုပ်သွားမှာဖြစ်သော်လည်း ဖန်သားပြင်တွင် ၎င်းကို Disable လုပ်ရန် Option တစ်ခုကို သင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ သင့်ဖုန်း၏ အမြင့်ဆုံးစွမ်းဆောင်နိုင်မှုကိုပြန်လည် ရယူရန်အတွက် သင့် iPhone ၏ ဘက်ထရီကိုထိုကဲ့သို့သောအခြေအနေများတွင်အစားထိုးသင့်ပါတယ်.

[ Via Rajesh Pandey ]

Wish all peace.

@ZN

Facebook Comments