Intelligent Night mode နဲ့ သုံးဆွဲရ လွယ်ကူ ရိုးရှင်းလွန်းတယ့် Downloader တစ်ခု

414

နာမည်ကြီး အများ သုံးဆွဲကြတယ့် Browser ကိုဖန်တီးခဲ့တယ့် ELabs ကနေပဲ ကူညီ ပြုလုပ်ထားတယ့် Private Browser အသစ်ကို မိတ်ဆက် ပေးလိုပါတယ် Downloader တွေကတော့ ကျွန်တော်တို့ နေ့စဉ် ဘဝ မှာ အမြဲလိုလို ထိတွေ့သုံးစွဲ နေရတာလည်း ဖြစ် မသုံး မဖြစ်လည်း ဖြစ်ပါတယ်

အသစ်သစ် ထွက်ရှိလာတယ့် ကောင်းနိုးရာရာ Downloader တွေ တစ်ခုပြီး တစ်ခုစမ်းကြည့်ရင်း ကျွန်တော်လည်း Downloader Apps တွေ တစ်ပုံကြီး ဖြစ်နေရပါပြီ ဒီတစ်ခါ Downloader လေးကတော့ တော်တော်လေး သုံးစွဲရ ရိုးရှင်း လွယ်ကူတာကြောင့် iUSERS တို့လည်း သူံးကြည့်ရအောင် ဝေမျှပေးလိုက်ပါတယ်

ဒီ Private Browser လေးဟာ အချို့ Downloader များနည်းတူ Multi-tabs ကောင်းကောင်း ခုန်လို့ရတယ့် App ကောင်းလေး တစ်ခုပါပဲ Tabs ခုန်လို့ မရတယ့် browser ကို သုံးမိရင်တော့ သေချာပေါက် ၅၀% လောက် ဒေါင်းလို့ရမှာ ဟုတ်တော့ပါဖူး

Private Browser download link 

သူ့ရဲ့ Functions လုပ်ဆောင် နိုင်တာလေးတွေကို ရှင်းပြပးသွားပါမယ်

(၁) Adblock & Privacy

သူ့မှာ built in AD Blocker ပါဝင်လာပါတယ် ဒါကြောင့် အချို့အချို့သော် Server တွေကို ဒေါင်းယူရာတွေမှာ မလိုလားအပ်တယ့် ကြားခံပိတ်စို့မှု တွေကို ကျော်ဖြတ်ပြီး အလွယ်တကူ ဝင်ရောက်နိုင်မှာပါ

Privacy protection အတွက်ကတော့ Passcode Lock ပါဝင်ပြီး Passcode Options ကနေ Alphabetic Numbers တွေလည်း ထားရှိနိုင်သလိုဘTouch ID လည်းရ Face ID လည်း သုံးလို့ရပါမယ်

(၂) Night Mode & User Agents

Version အသစ်မှာ ပါဝင်လာတယ့် Night Mode ဟာ အတော်လည်း သုံးဆွဲရ စိတ်ကျေနပ်မှု ဖြစ်စေပါတယ် အာရုံစိုက်မှုကို ပိုသက်တောင့် သက်သာ ရှိစေမှာပါ night theme ဟာ ပုံတွေကို ကာမိနေတာမျိုးလည်း မရှိတာကို တွေ့ရပါတယ်

Agents အနေနဲ့ ကိုယ်သုံးခြင်တယ့် ပုံစံအဖြစ်ပေါ့ ဆိုလိုတာက ကိုယ်က Phone or Pad အနေနဲ့ browsing လုပ်ခြင်သလား Desktop အနေနဲ့ ဝင်ခြင်သလား အလွယ်တကူ ရွေးချယ် အသုံးပြုနိုင်မှာပါ

(၃) Search Engines & VPNs

ကိုယ် ရှာခြင်တယ့် အကြောင်းအရာပေါမူတည် ပြီး search engine တွေ ခွဲခြား သုံးဆွဲရပါတယ် အချို့ကလည်း သုံးကြမယ် အချို့ကတော့ သုံးဖို့ နေဦး မကြားဖူးကြတာလည်း ဖြစ်နိုင်ပါတယ် ဒီမှာတော့ search engines အတော်များ ခွဲခြား သုံးစွဲနိုင်မှာပါ (ကျွန်တော် အသုံးပြုတယ့် search engine တွေကတော့ Google, Bing, Duck Duck Go & Yahoo တို့ပါပဲ Baidu ကို တစ်ခါတစ်လေ သုံးဖြစ်ပါတယ်)

ဒီမှာ ချိတ်လို့ ရတယ့် VPN အမြောက်အများကိုလည်း တွေ့ရမှာပါ ဘယ်နေရာမှာ အသုံးဝင်မလဲဆိုရင်တော့ ကိုယ့်နိုင်မှာ ကြည့်လို့မရနိုင်တယ့် Website တွေ Shopping တွေ Youtube video တွေကို ကြည့်တယ့်နေရာမှာ အသူံးဝင်ပါလိမ့်မယ်

ဒါလေးကတော့ Tabs တွေကို customize လုပ်လို့ ရတယ်ဆိုတာ ပြပေးထားတာပါ edit ကနေ ကိုယ်သုံးသလို အသုံးများတယ့် Tabs တွေကို အလွယ်တကူ နှိပ်နိုင်တယ့် နေရာဖက်ကို ရွေ့ထားနိုင်ပါတယ် (ကျွန်တော်ကတော့ ညာဘက် လက်မအသုံးများတာမို့ browser tab ကို ညာဘက်ဆုံး ရွေ့ထားပါ တစ်ခုကျော်ခုန် ရွေ့မရပါ ဘေးခြင်း ယှဉ်ရွေ့ပေးပါ)

Facebook Comments
851 Shares
Today the Future begins. The works our team and I will do here to change the all our understanding of Information Technology especially about iDevices. For you, we will bring advancement in knowledge and also his power. Trust me that Future will be right here faster than you think.