iOS ရဲ့ Facebook App မှာ ပါလာသည့် Camera Bug ကို Facebook မှ Fixes လုပ်ပေးလာ ….

Facebook က iPhone ၏ Camera ကို အမှတ်တမဲ့ Activate လုပ်သွားတတ်သည့် Bug ကို ပြင်ဆင်ပေးထားသည့် Facebook iOS App ကို ခပ်မြန်မြန်ပဲ ထုတ်ပေးလာပါတယ် ။ ခင်များအနေနဲ့ Facebook App ကို Update မလုပ်ရသေးဘူးဆိုရင်တော့ New Version ဖြစ်တဲ့ Build နံပါတ် 247 ကို App Store ပေါ်ကနေ ချက်ချင်း Download ဆွဲလိုက်ဖို့ လိုပါတယ် ။

အဆိုပါ Facebook App ရဲ့ Bug ကို Twitter ယူစာ Joshua Maddux ကနေ သူ၏ Facebook Feed ကို Scroll လုပ်ပြီး အသုံးပြုနေစဥ် နောက်ကွယ်မှာ Camera က Open ဖြစ်သွားခဲ့တာကို သတိထားခဲ့မိရာကနေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ် ။

Facebook of Integrity ရဲ့ VP ဖြစ်တဲ့ Guy Rosen က Bug ဖြစ်ကြောင်း Comfirm လုပ်ခဲ့ပြီး အဆိုပါ Bug က မည်သည့် Photos တွေကိုမျှ Facebook သို့ Upload မလုပ်ခဲ့ကြောင်း ပြောခဲ့ပါတယ် ။ သူက ဒီပြဿနာကို ဖြေရှင်းပေးတဲ့ Facebook App အသစ်ကို ထုတ်ပေးမယ်ကြောင်းလည်း ပြောခဲ့ပါတယ် ။

ကဲ အခုတော့ Facebook App ရဲ့ New Update ထွက်ရှိလို့ လာပါပြီ ။ ယူစာများအနေဖြင့် App Store ပေါ်ကနေပြီး Download ဆွဲပြီး Update လုပ်နိုင်ကြပါပြီ ။

Facebook App ( Build No.247 )

[ Via Peter Cohen ]

@ZN

 

Facebook Comments