iOS 13 ရဲ့ Dark Mode ကတကယ်ပဲ Battery Life ကိုတိုးစေတာလား ?

OLED Display ကိုသုံးပေးထားတဲ့ iPhone X, XS, XS Max, 11 Pro, 11 Pro Max တွေမှာ iOS 13 ရဲ့ dark mode ဖွင့်သုံးရင် battery life ပိုကောင်းတယ်ဆိုတာကို PhoneBuff YouTube channel က စမ်းသပ်ချက်တွေအရသိရပါတယ် .. ဘာလို့ battery ပိုခံတာလဲဆိုတာက OLED Display တွေရဲ့ အလုပ်လုပ်ပုံကြောင့်ပါ .. OLED display တွေဟာ LED မီးလုံးသေးသေးလေးတွေနဲ့အလုပ်လုပ်ပါတယ် .. display မှာပြရမယ့်အရောင်အလိုက် LED တွေကအရောင်လိုက်ပြောင်းပေးတာပါ .. ဒါပေမယ့် အမည်းရောင်ကိုပြမယ်ဆိုရင် မီးလုံးတွေကိုပိတ်ထားလိုက်တာဖြစ်လို့ ပါဝါစားသုံးမှုသက်သာသွားတဲ့အပြင် True Black လို့ခေါ်တဲ့အမည်းစစ်စစ်ကိုရရှိမှာဖြစ်ပါတယ် .. ဒါကြောင့်ဒီစမ်းသပ်ချက်ဟာ LCD Display သုံးထားတဲ့ဖုန်းတွေအတွက်တော့ မှန်ကန်မှာမဟုတ်ပါဘူး .. iOS 13 မှာ Dark Mode ကိုအသုံးပြုချင်တယ်ဆိုရင်တော့ Settings > Display & Brightness မှာ Dark ကိုရွေးပေးထားလိုက်ပါ .. ဒါဟာသင့်ဖုန်း battery percentage နည်းနေချိန်မှာ Ultra Power Saving ဖြစ်စေမယ့်နည်းလမ်းတမျိုးပါပဲ.

PhoenBuff ရဲ့ testing video ကိုအောက်ပါ link ကနေကြည့်ရှုနိုင်ပါတယ်

Credit Post – mDrive

Facebook Comments