iOS 13.3 နဲ့ iPadOS 13.3 တို့ရဲ့ Beta 1 မှာ ဘာတွေ အသစ်ပါလာသလဲ ?

ပြီးခဲ့တဲ့ တစ်ပါတ်လောက်ကပဲ Apple ဟာ iOS 13.3 နှင့် iPadOS 13.3 တို့ရဲ့ Developer Beta 1 ကို ထုတ်ပေးခဲ့ပါတယ် ။ ဒီ Beta မှာ New Features အချို့ ပါဝင်လာပါတယ် ။ iOS 13.2 မှာ ပါခဲ့သည့် Multitasking ပြဿနာတွေကိုလည်း ဖြေရှင်းပေးထားပါတယ် ။ ( အဆိုပါ Issue ကို Apple မှ iOS 13.2.2 Update ဖြင့်လည်း Fixes ပေးထားပြီး ဖြစ်ပါတယ် )

ကဲ ဒီလိုဆိုရင်ဖြင့် iOS 13.3 ရဲ့ Beta 1 မှာ ဘာတွေ အသစ်ပါလာသလဲဆိုတာကို ကြည့်ရအောင်ဗျာ ။

 

Communication Limits to Screen Time

iOS 13.3 Developer Beta မှာ Screen Time အတွက် Communication Limits ဆိုတဲ့ Feature ကို မိတ်ဆက်ပေးလာပါတယ် ။

 

Disable Memoji Stickers in Keyboard

Emoji Keyboard ပေါ်ကနေပြီး Memoji နဲ့ Animoji Stickers တွေကို Disable လုပ်ထားလို့ ရလာပါပြီ ။

Fix for Poor Multitasking

iOS 13.2 ကို ထုတ်ပေးပြီးတဲ့နောက် ယူစာအတော်များများ ကြုံတွေ့ခဲ့ရသည့် Multitasking Performance Issue ကို Fixes လုပ်ပေးထားပါတယ် ။ အသုံးပြုပြီးနောက် Recent မှာ ရှိနေတဲ့ Apps ထဲကို ပြန်ဝင်တဲ့အခါ အစက ပြန်ဝင်နေရတဲ့ ဒီစိတ်ရှုပ်စရာ Issue ကြီး အဆင်ပြေသွားပြီပေါ့ဗျာ ။

Update Contact Information Suggestion

Contacts တွေမှ သူတို့ရဲ့ info ကို Update လုပ်ဖို့လိုအပ်လာလို့ Messages ပို့လာလျှင် Messages App ထဲ ဝင်တဲ့အခါ Information Update လုပ်ဖို့ Prompt လေး ပေါ်ပါတော့မယ် ။

No Beats Solo Pro Support

iOS 13.3 Beta 1 တွင် Beats Solo Pro ၏ PID မရှိပါ ။ ထို့ကြောင့် OS သည် Wireless Earbuds ကို မသိရှိပါ ။ ဒါက iOS 13.3 ရဲ့ Error ဖြစ်နိုင်ပါတယ် ။ နောက်ထွက်လာမယ့် Beta တွေမှာတော့ Fixed လုပ်ပေးလာမယ်လို့ ယူဆရပါတယ် ။

[ Via iClarified ]

Wish all peace.

@ZN

Facebook Comments

Be the first to comment

Leave a Reply

Your email address will not be published.


*