iOS 14 မှာဖြစ်ပေါ်နေတဲ့ Camera အသုံးပြု၍မရတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

iOS 14 မှာ ကင်မရာ အသုံးပြု၍မရတော့တဲ့ ပြဿနာဟာ iOS User များအတွက် စိုးရိမ်ပူပမ်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ် ဒါကြောင့် ယခု Post မှာ အဲ့ဒီ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့နည်းတွေကို ပြောပြပေးမှာဖြစ်ပါတယ်။

တခါတရံ iOS Version အသစ်ထွက်တိုင်းအနည်းငယ်သော Error တွေပါဝင်တက်ကြပါတယ် အကြောင်းရင်းကApple သည် iPhone တိုင်းအတွက် ပြဿနာအားလုံးကို မဖြေရှင်းနိုင်သေးတာကြောင့်ဖြစ်ပါတယ်။ Feature အသစ်တစ်ခု ထည့်သွင်းထားသည့်အခါ ဖုန်းတစ်လုံးနှင့် တစ်လုံး ကိုက်ညီမှုမရှိပဲ ချို့ယွင်းချက်အနည်းငယ် ရှိလာတက်ပါတယ် ဒါဟာ Feature အသစ်ထည့်သည့်အခါ ဖြစ်တက်တဲ့ ပြဿနာများဖြစ်ပြီး Android Update တွေမှာဆိုရင်လဲ ထိုနည်းတူစွာ Error တွေပါလာတက်တာပါပဲ။

iOS 14 ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကထုတ်ပေးထားတာဖြစ်ပြီး iPhone User အများစုဟာ iOS 14 ကိုUpdate လုပ်အသုံးပြုနေကြပါပြီ။iOS 14 တွင်ပြောင်းလဲမှုများစွာ ပြုလုပ်ပေးထားပြီး iPhone အသုံးပြုသူများအတွက် အတွေ့ကြုံအသစ်တွေရရှိစေပါတယ်။ ဒီထဲကမှ iOS 14 တင်ထားတဲ့ User အချို့မှာ Camera အသုံးပြု၍မရတဲ့ ပြဿနာဖြစ်ပေါ်နေတာပါ။

ဘယ်လိုဖြေရှင်းကြမလဲ

ပထမနည်းက မိမိဖုန်းကို Restart ချပြီး Camera App ထဲ ပြန်ဝင်ကြည့်ပါ။

ဘယ်လို Restart ချမလဲ

အလွယ်ဆုံးနည်းက ဖုန်း ကို Power Off လုပ်ပြီး ပြန်ဖွင့် ရုံပါပဲ

ဒုတိယနည်းက Control Center ကိုဆွဲပြီး Flash Light ကိုဖွင့်ထားကာ Camera App ထဲဝင်၍ မိနစ်အနည်းငယ်စောင့်ပေးလိုက်ပါ။

တတိယနည်းက Control Center မှာပေါ်နေတဲ့ NFC Tag Reader ကို ဖြုတ်ပေးရမှာပါ။

Setting – Control Center – NFC Tag Reader ကို Remove လုပ်ပေးပါ။

iOS 14 မှာဖြစ်ပေါ်နေတဲ့ Camera အသုံးပြု၍မရတဲ့ ပြဿနာကို အပေါ်က နည်းတွေထဲက တစ်ခုမဟုတ်တစ်ခုနဲ့ဖြေရှင်းနိုင်ပါတယ် အားလုံး အဆင်ပြေကြပါစေ။