iOS User တိုင်း သိထားသင့်တဲ့ iCloud Phishing Link အကြောင်း

ယခင်လဲ ဒီပို့စ်လေးတင်ပေးခဲ့ဖူးပါတယ် အခုတလော Apple Users တွေကြားထဲမှာ ပြန်လည်ခေတ်စားလာတဲ့ iCloud Phishing အကြောင်းလေးပြောပြပေးချင်ပါတယ် iCloud Phishing ဆိုတာဘာလဲ iCoud Phishing ဘယ်လိုအလုပ်လုပ်သလဲ iCloud Phishing ရန်ကနေ ဘယ်လို သတိထားကာကွယ်ရမလဲ ဆိုတာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်

iPhone/ iPad ပျောက်သွားတဲ့ Users တွေကို အခုတလော iCloud Phishing Link ( Fake iCloud Login Page ) တွေပျောက်ဆုံးသူကိုဆက်သွယ်လို့ရတဲ့ ဖုန်းနံပါတ်ကို SMS အတုတွေပို့ပြီး iCloud Account ကြားဖြတ်ယူတာမျိုးတွေတော်တော်များများဖြစ်နေတာ တွေ့ရ ကြားသိရပါတယ် အခုနောက်ပိုင်းဆို SMS Service တွေနဲ့ Apple နာမည်နဲ့တောင် ပို့နေကြပါပြီ

iPhone/ iPad ပျောက်သွားတဲ့သူတယောက်ဟာ များသောအားဖြင့်ပျောက်သွားပြီဆိုတာနဲ့ မိမိရဲ့ Apple ID (iCloud) နဲ့ Find My iPhone ကတဆင့် Lost Mode လုပ်လိုက်ပါတယ်။ Lost Mode လုပ်တဲ့နေရာမှာ Description လေးထည့်ပေးတဲ့အခါ ဒီ iPhone/ iPad ဟာ ပျောက်သွားတယ်ဆိုတဲ့အကြောင်း၊ အကယ်လို့တွေ့ခဲ့သူရှိပါက ဒီဖုန်းနံပါတ်လေးကို ပြန်လည်ဆက်သွယ်ပေးပါဆိုတဲ့စာလေးထည့်ပြီး Lost Mode ချလိုက်ပါတယ်။

ပုံမှန်ဆိုရင် အဲ့ဒီပျောက်သွားတဲ့ iPhone/ iPad ကို တွေ့တဲ့သူက ဖော်ပြပါ ဖုန်းနံပါတ်ကိုပြန်လည်ဆက်သွယ်ပြီးပိုင်ရှင်ကိုပြန်လည်ပေးတာသော်လည်းကောင်း နှစ်ဦးသဘောတူ တခုခုပြုလုပ်တာသော်လည်းကောင်း ပြုလုပ်ကြပါတယ်။

အခုက အဲ့လိုမဟုတ်ပါဘူးခင်ဗျာ။ အဲ့ဒီပျောက်သွားတဲ့ iPhone/ iPad ကို တွေ့တဲ့သူ၊ ကောက်ရသူ၊ အခြား(သို့မဟုတ်) iCloud Bypass Lost Mode ဖြည်ပေးသူ လုပ်တဲ့သူက ပိုင်ရှင် Lost Mode လုပ်တုန်းကထည့်ပေးထားတဲ့ ဖုန်းနံပါတ်ကို ဒီ iPhone/ iPad ဘယ်နေရာမှာ တွေ့ပါတယ်။ နေရာသိရဖို့အတွက် ဒီ Link လေးကိုနှိပ်ပြီး မိမိရဲ့Apple ID (iCloud) နဲ့ Login ၀င်ပြီးကြည့်ပါဆိုပြီး Messages/ SMS စာပို့လာပါတယ်။ Apple Inc. ဟာ ဘယ်တော့မှUser ကို သင့်ဖုန်းဘယ်မှာတွေ့ပါတယ်လို့ လုံး၀ (လုံး၀စာပို့မှာမဟုတ်ပါ

အဲ့ဒီမှာ iPhone/ iPad ပျောက်သွားတဲ့သူက ၀မ်းသာအားရနဲ့ မိမိရဲ့ Apple ID (iCloud Account) နဲ့ စောစောကMessages/ SMS ပို့လာတဲ့ Link ကနေတဆင့် Login ၀င်ပြီးရှာလိုက်ပါတော့တယ်။ အဲ့ဒီမှာတင် တဖက်က စာပို့တဲ့သူက မိမိရဲ့ Apple ID (iCloud Account) ကို အလွယ်တကူရရှိသွားပြီး ကိုပျောက်သွားတဲ့ iPhone/ iPad ကို iCloud Lost Mode ဖြည်ပြီး အလွယ်တကူအသုံးပြုခွင့်ရသွားပါတော့တယ်။

အဲ့လိုဖြစ်သွားပြီးရင်တော့ မိမိရဲ့ ပျောက်သွားတဲ့ iPhone/ iPad ကို ပြန်ရဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူးခင်ဗျာ။ပြီးတာနဲ့ မိမိရဲ့ Apple ID (iCloud Account) နဲ့ iCloud (Find My iPhone) မှာ ပြန်၀င်ကြည့်လိုက်ရင် မိမိအကောင့်မှာLost Mode ချထားတဲ့ မိမိရဲ့ iPhone/ iPad ကိုတွေ့ရတော့မှာမဟုတ်ပါဘူးခင်ဗျာ။

ဒါကတော့ အထက်ပါနည်းလမ်းနဲ့ ပို့တဲ့ Fake iCloud Login Page လိပ်စာဖြစ်ပါတယ်ခင်ဗျာ။ အခြားသော ပုံစံတူ၊Link မတူတဲ့ Webpage တွေအများကြီးရှိနိုင်ပါတယ်ခင်ဗျာ။

Fake Login Page > http://findmyiphoneserverfmi.esy.es/

Fake Login Page > http://login-apple.com

Link ကို၀င်ကြည့်လိုက်ရင်လည်း HTTPS (HTTP Secure) နဲ့မဟုတ်သလို အချို့ Fake Login Webpages တွေမှာHTTPS Secure နဲ့ ဖြစ်နိုင်ပါသေးတယ် Apple Inc. (US) Verified Webpage လည်းမဟုတ်တာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။

Real iCloud Login Page > https://www.icloud.com/

ဒါကတော့ Apple Inc. (US) ရဲ့ iCloud Login Verified Webpage လိပ်စာဖြစ်ပါတယ်ခင်ဗျာ။ HTTPS (HTTP Secure) နဲ့ဖြစ်သလို Apple Inc. (US) Verified လည်းဖြစ်တာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။

ဒါကြောင် အထက်ပါမသမာသောနည်းလမ်းမျိုးနဲ့ လိမ်လည်တာမခံရအောင် iPhone/ iPad ပျောက်သွားသူများအနေနဲ့ ဘယ်လိုမျိုးပဲ Login Link တွေပေးပြီး ၀င်ခိုင်းပါစေ HTTPS (HTTP Secure) Link အပြင် Apple Inc. (US) Verified ဖြစ်ပြီး https://www.icloud.com ဖြစ်မှသာ Apple Inc. ရဲ့ တရား၀င် iCloud Login Webpage ဖြစ်ပါတယ်

သေချာပြောနိုင်တာတခုကတော့ Apple Inc. ဟာ ပျောက်သွားတဲ့ iPhone/ iPad ကို ဘယ်မှာတွေ့ပါတယ်၊ သိဖို့ ဒီLink လေးကနေ Apple ID (iCloud Account) နဲ့ Login ၀င်ကြည့်ဖို့ Messages/ SMS ဘယ်တော့မှ မပို့ပါဘူးခင်ဗျာ။ဒါကြောင့် ဘယ်လိုပဲ Messages/ SMS လာပို့သည်ဖြစ်စေ အခြား iCloud Login Link တွေပေးလာရင် လုံး၀ (လုံး၀မ၀င်မိပါစေနဲ့ခင်ဗျာ။ မိမိ Apple ID (iCloud Account) ၀င်ထားတဲ့ အခြား iDevices မှာရှိတဲ့ Find My iPhone Apps ကနေတဆင့်သော်လည်းကောင်း၊ iCloud Login Page https://www.icloud.com ကသော်လည်းကောင်း ၀င်ရောက်ပြီး စစ်ဆေးနိုင်ပါတယ်ခင်ဗျာ။

Win Mobile World မှ ကူးယူဖော်ပြသည်။

15 / 100