ဒီနည်းက iOS User တွေအတွက် အသုံးဝင်မှာပါ။
ဘာကြောင့်ဆို ယခင် iPhone အများစုက Sim Card တစ်ကတ်ပဲ သုံးလို့ရပါတယ်။ ဒီနှစ်မှတာ Physical Sim / E Sim တွေ ထည့်ပေးလာတာပါ။
Call Forwarding က ဘယ်လိုအသုံးဝင်လဲ ????
မိမိမှာ Handset နှစ်လုံး Sim Card နှစ်ကတ် ရှိတယ်ဆိုပါစို့ ။ ဖုန်းတစ်လုံးကနေ နောက်တစ်လုံးကို Fowrard ( လွှဲပြောင်း ) ပေးမယ့် Function တစ်ခုပါ။ ဒါဆို အပြင်သွားရင် ဖုန်းနှစ်လုံးစလုံး ယူသွားစရာမလိုတော့ပဲ တစ်လုံးထဲယူသွားတာနဲ့ ထားခဲ့တယ့် ဖုန်း အဝင် Call တွေကို ယူသွားတယ့် ဖုန်းထဲမှာ လာဝင်ပေးမှာပါ။ ဒါကြောင့် Call Forwarding က iPhone တွေမှာ ပိုအသုံးဝင်ပါတယ်။ အထွက် Call တော့မရပါဘူးနော် ….
Call Forwarding Setting ဘယ်လိုထည့်မလဲ ????
Setting – Phone – Forwarding
Forward to နေရာမှာ မိမိလွှဲပြောင်းလိုတယ့် No ထည့်ပေးပါ။ ထည့်ပီးရင် Back နဲ့ပြန်ထွက်ပါ။
Forward to နေရာမှာ ဖုန်း No ပေါ်နေရင်ရပါပီ။