iPhone အသစ်မှာ Dual SIM ပါလာမှာလား ?

1014

အင်း ! 

ကြိုပြောထားပါမယ် ။ အခုပြောမှာတွေက Rumor သတင်းတွေပါ ။ 

 နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ ရောက်ခါနီးပြီ ဆိုတာနဲ့ Apple က မိတ်ဆက်ပေးလာမယ့် Products တွေရဲ့ ကောလဟလတွေ ၊ သတင်းပေါက်ကြားမှုတွေနဲ့ Apple ချစ်တဲ့သူတွေကြားမှာ လှုပ်လှုပ်ရှားရှားနဲ့ လှုပ်ခတ်နေတတ်လေ့ ရှိပါတယ် ။ ဒီနှစ်လည်း မနှစ်ကလိုပဲ ပစ္စည်းသစ်မိတ်ဆက်ပွဲ နီးလာလေ သတင်းတွေက ပိုထွက်လေ ဖြစ်နေပြီပဲ ဖြစ်ပါတယ် ။ 

ဒီရက်ပိုင်း လူစိတ်ဝင်စားမှု အရှိဆုံးနဲ့ လူအပြောအများဆုံး သတင်းတွေကတော့ iPhone အသစ်မှာ Dual – SIM ပါလာမယ်ဆိုတဲ့သတင်း ၊ iPad Pro အသစ်မှာ Home Button မပါပဲ Face ID , Rounded Corner နဲ့ မျက်နှာပြင်အပြည့် ဘေးဘောင်မဲ့ Screen တို့ပါလာမယ့် သတင်းတွေပဲ ဖြစ်ပါတယ် ။ 

ဒီသတင်း ( ၂ ) ခုထဲကမှ လူစိတ်ဝင်စားမှု အရှိဆုံးလို ဖြစ်နေတဲ့ iPhone ရဲ့ Dual – SIM အကြောင်းကို မေးမြန်းစုံးစမ်းပြီး ပြန်လည် ဖောက်သည်ချပြပါမယ် ။ 

( ၆.၁ ) လက်မ Screen နဲ့ မျိုးဆက်သစ် iPhone မှာ Dual – SIM Feature ပါလာပါမယ် ။ ဒါပေမယ့် Taiwan’s Economic Daily ရဲ့ သတင်းအရ ဒီ Dual – SIM Feature ပါတဲ့ iPhone ကို တရုတ်နိုင်ငံ ပြည်တွင်းအတွက်သာ သီးသန့် တင်ပို့မှာ ဖြစ်ပါတယ် ။ 

သတင်းအရ 2018 ခုနှစ်အတွက် iPhone အသစ်တွေဟာ ပြည့်ပြည့်စုံစုံ ထုတ်လုပ်ပြီး ဖြစ်နေပါပြီ ။ မော်ဒယ်များအနေဖြင့်လည်း 801 , 802 , 803 and 804 ဆိုပြီး ဖြစ်ပါတယ် ။ Dual – SIM LCD iPhone ကတော့ Extra Model Number ကို အသုံးပြုထားပါတယ် ။ 

တရုတ်ဈေးကွက်ကို Apple အနေဖြင့် Dual – SIM iPhone ဖြင့် အောင်မြင်မှုရစေရန် ရည်ရွယ်နေတဲ့ပုံပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် တရုတ်ဈေးကွက်မှာမှ မဟုတ်ပါဘူး ။ ဒီ Dual – SIM iPhone တွေကို Dual – SIM စမတ်ဖုန်းတွေ ပေါ်ပြူလာဖြစ် အောင်မြင်နေတဲ့ အိန္ဒိယတို့ ၊ အခြားအာရှဈေးကွက်တို့မှာပါ Apple အနေဖြင့် Launch လုပ်လာလိမ့်မယ်လို့တော့ ယူဆရပါတယ် ။ 

Apple ဟာ eSIM + nanoSIM တို့ကို ပေါင်းစပ်ပြီး LCD iPhone ကို မိတ်ဆက်ပေးလာလိမ့်မယ်လို့ သတင်းတွေကတော့ ဆိုပါတယ် ။ 

ဒီသတင်းတွေ တကယ် ဟုတ် မဟုတ် ဆိုတာကိုတော့ ကျနော်တို့ နောက်တစ်လဆိုရင် မျက်မြင်ကိုယ်တွေ့ တွေ့ရှိရတော့မှာပဲ ဖြစ်ပါတယ် ။ 

ကဲ ! 

မြင်တွေ့ရဖို့ စိတ်စော ရင်ခုန်နေကြပြီလား ဘော်ဘော်တို့ရေ … 

အားလုံးချမ်းမြေ့ပျော်ရွှင်ပါစေ ။ 

ဇာနည် ( iOS Banker Myanmar ) 

Facebook Comments
1K Shares