iPhone တွေက ဘာလို့ Call Recording Features မရတာလဲ

799

အားလုံးပဲမင်္ဂလာပါခင်ဗျာ…

ဒီတစ်ပါတ်တော့ ကျွန်တော်တို့မိတ်ဆွေများ မကြာခဏဆိုသလိုမေးလေ့ရှိတဲ့ iPhone တွေမှာ ဘာကြောင့် Call Recording မရတာလဲဆိုတဲ့အကြောင်းလေးကို တင်ဆက်ပေးချင်ပါတယ်ခင်ဗျာ။ နိုင်ငံ တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ ပြည်နယ် တစ်ခုနဲ့တစ်ခု မတူညီတဲ့ ဥပဒေတွေ၊ စံစနစ်သတ်မှတ်ချက်တွေအရ ဘာကြောင့်မရတာလဲဆိုတာလေးတွေကို တင်ဆက်ပေးချင်ပါတယ်ခင်ဗျာ 😊😊😊

iPhone တွေမှာ Call Recording ရဖို့အတွက် ပုံမှန်အားဖြင့် နည်းလမ်း (၂) ခုရှိပါတယ်။ ပထမတစ်နည်းကတော့ App အသုံးပြုပြီး လုပ်တာဖြစ်ပါတယ်။ Apple App Store မှာ Recorder Apps တွေ အများကြီးရှိသလောက်၊ ပေးဝယ်ရတဲ့ ဈေးလည်း များသလောက် တကယ်အသုံးမ၀င်တဲ့ App တွေအများကြီးပါ။ တချို့ App တွေဆိုရင် Record လုပ်တဲ့ မိနစ်အလိုက်ကို ပိုက်ဆံတောင်းလေ့ရှိပါတယ်။ ခက်တာက ကျွန်တော်တို့နိုင်ငံမှာတော့ App Store (US Store) ကိုသာအသုံးပြုနိုင်တာမို့ Call Recorder App တွေက အဆင်ပြေချောချောမွေ့မွေ့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

.

ဒုတိယတစ်နည်းကတော့ iPhone ကို Jailbreak လုပ်ပြီး Call Recorder ထည့်သွင်းအသုံးပြုတဲ့နည်းဖြစ်ပါတယ်။ ဆိုတော့ Jailbreak လုပ်မယ်ဆိုရင် Apple ရဲ့ After Sale Services ၀န်ဆောင်မှုဖြစ်တဲ့ Apple Official Warranty 1 Year ပျက်မှာဖြစ်ပါတယ်။ ပြီးတော့ မိမိဖုန်းရဲ့ Security ပိုင်းလည်း လုံခြုံစိတ်ချမှု ရှိမှာမဟုတ်တော့ပါ။ အခုနောက်ပိုင်းမှာ iPhone တွေက Jailbreak မလုပ်လဲ အဆင်ပြေပြေအသုံးပြုနိုင်တာမို့ Jailbreak က အရင်လိုအလွယ်တကူမထွက်တော့သလို၊ Users တွေကလည်း Jailbreak မလုပ်ကြတော့ပါဘူး။ 

.

အချို့ Users တွေကျတော့လည်း လုပ်ငန်းတွေမှာ အသုံးပြုတဲ့အခါ လုပ်ငန်းလိုအပ်ချက်အရ မှာကြားတာတွေ၊ စကားပြောတာတွေကို မှတ်ထားချင်ကြတာဖြစ်စေ၊ အကြောင်းတခုခုကြောင့် ပြန်လည်နားထောင်လို့ရချင်တာကြောင့်ဖြစ်စေ၊ Call Recorded ပြုလုပ်ထားလေ့ရှိကြပါတယ်။ မှတ်သားထားလိုကြပါတယ်။ ဒါပေမယ့် Telephone Recording Laws တွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ ပြည်နယ်တစ်ခုနဲ့တစ်ခု မတူတဲ့၊ ကွဲပြားခြားနားတဲ့ ဥပဒေတွေရှိတဲ့အတွက် တချို့နိုင်ငံတွေမှာ Call Recording Features ကို ထည့်သွင်းအသုံးပြုခွင့်မပေးထားပါဘူး။

.

နောက်တစ်ခုကတော့ ဖုန်းအသုံးပြုတဲ့ Users တွေအတွက် လုံခြုံရေးအတွက်ကာကွယ်တဲ့အနေနဲ့ Privacy အရ (များသောအားဖြင့် ဖွံ့ဖြိုးပြီး ဒီမိုကရေစီနိုင်ငံတော်တော်များများမှာ) စည်းကမ်းသတ်မှတ်ချက်တွေထားပါတယ်။ ဖုန်းတွေက ပုံမှန်အားဖြင့် တစ်စုံတစ်ယောက်က မိမိပြောထားတာတွေကို ကိုယ်မသိပဲ အသံဖမ်းယူထားခဲ့ရင် (မိမိအနေနဲ့ Delete လုပ်ဖို့ခက်ခဲတာလဲအပါအ၀င်ပါ) အချို့သောနိုင်ငံတွေမှာတော့ အမှုရင်ဆိုင်ကြတဲ့အခါ တရားရုံးအတွက် သက်သေအထောက်အထားတခုအနေနဲ့ ဖုန်းပြောတာကို ဖမ်းယူခွင့်ရှိကြပါတယ်။ 

.

US မှာဆိုရင် ပြည်နယ်အလိုက် သတ်မှတ်ချက်ထားပြီး (ဥပမာ- California လိုပြည်နယ်မျိုးမှာဆိုရင် နှစ်ဦးနှစ်ဖက်သဘောတူမှသာ Call Recording ဖမ်းယူခွင့်ပြုတာဖြစ်ပါတယ်)။ Colorado လိုပြည်နယ်မှာဆိုရင် Call Recording ဖမ်းယူဖို့အတွက် မိမိရဲ့သဘောတူညီချက်ပဲလိုအပ်တာဖြစ်ပါတယ်။ မိမိအနေနဲ့ ဖမ်းယူထားချင်ပါက ဖမ်းယူနိုင်မှာဖြစ်ပါတယ်။ 

.

တကယ်တော့ Call Recording ဆိုတာ အခြားနည်းလမ်းတွေနဲ့ အသုံးပြုပြီးဖမ်းယူထားမယ်ဆိုရင်တောင် ဘယ်နိုင်ငံမှာပဲနေနေ မိမိနိုင်ငံ၊ ပြည်နယ်တွေအလိုက် Laws သတ်မှတ်ချက်ထားလဲဆိုတာရယ်၊ တစ်ဖက်လူရဲ့ သဘောတူညီခွင့်ပြုချက်တွေကို တောင်းခံပြီးမှသာ အသုံးပြုသင့်တာဖြစ်ပါတယ်။ 

ဒါကြောင့် အချုပ်အနေနဲ့ပြောရရင် Call Recording ပြုလုပ်ခြင်းဟာ အပေါ်မှာပြောသလို တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ ပြည်နယ်တစ်ခုနဲ့တစ်ခု ဥပဒေတွေ၊ စည်းကမ်းသတ်မှတ်ချက်တွေ မတူညီတဲ့အတွက် တချို့နိုင်ငံက ထုတ်လုပ်တဲ့ Smartphones တွေမှာ မပါဝင်တာဖြစ်ပြီး များပြားတဲ့ ဥပဒေ သတ်မှတ်ချက်တွေ၊ မလိုလားအပ်တဲ့ အငြင်းပွားမှု ပြဿနာတွေ၊ သဘောတူညီချက်တွေအရ မည်သည့် iPhone မှာမှ Call Recording ကို ဖမ်းယူအသုံးပြုခွင့်မပေးထားတာဖြစ်ပါတယ်ခင်ဗျာ။ 

.

Credit Post – Win Mobile World Page

Facebook Comments
2K Shares