iPhone ပေါ်ကနေ Sound System ကောင်းကောင်းဖြင့် သီချင်းတွေ နားထောင်ကြမယ် 😍😘

497

အိုးဟိုးးး … 

ဒီတစ်ခါတော့ သီချင်းတွေ နားထောင်ရတာ ဝါသနာပါ , စိတ်ဝင်စားတဲ့ iPhone ယူစာတွေအတွက်ပါ ။ 

iPhone ရဲ့ iOS မှာ Built-in ပါလာတဲ့ Music App ထဲကနေပဲ သီချင်းတွေကို နားထောင်လေ့ ရှိကြတဲ့သူတွေ ရှိတယ်ဟုတ် ? 

ဒီအတိုင်းပဲ Music App ထဲကို ဝင် ။ 

ကိုယ်နားထောင်ချင်တဲ့ သီချင်းကို ဖွင့် ။ 

ဒီလိုပဲ နားထောင်လိုက်ကြတာလားဗျ ။

Music App မှာ Sound System Options တွေ ပါသေးတယ်လေ ။ ( ပြောင်းပြီး နားထောင် မကြည့်ကြဘူးလားဗျ 🙄 ) 

မသိလို့ မပြောင်းတာ .. ဆိုရင်တော့ … … … 

အခု ကျနော် ပြောပြမယ်လေ ။ 

iPhone ရဲ့ Setting ကို ဝင် ။ 

Music ကို ထပ် ဝင် ။

ပြီး PLAYBACK ခေါင်းစဉ်အောက်က EQ ထဲကို ထပ်ပြီး ဝင်ဦး ။ 

( ကဲ ! တွေ့ပြီ … ) 

( ၂၄ ) မျိုးသော Sound Systems တွေကို ။ 

ကိုယ်ကြိုက်နှစ်သက်ရာ System တစ်ခုကို Select လုပ်ပေးထားလိုက်ရုံပါပဲဗျ ။ 

( မခက်ပါဘူး … ) 

နားထောင်ကြည့် ။

အရင် နားထောင်နေကြ Sound အသံတွေနဲ့ မတူပဲ ကိုယ်ရွေးထားခဲ့တဲ့ Systems အလိုက် အသံထွက်ပိုင်း ပြောင်းလဲ သွားတာကို ကြားရပါလိမ့်မယ်ဗျ ။

ဒါကတော့ iOS ရဲ့ Built-in ပါတဲ့ Music Sound Features တွေပေါ့ 😍

နောက်တစ်ခု ပြောပြမှာကတော့ iPhone ပေါ်ကနေ သီချင်းတွေ ပုံမှန်အတိုင်း နားထောင်နေရတာကို ရိုးလာလို့ အလန်းစား Sound System Features ကြီးတွေ ပါတဲ့ Music Sound Player တွေနဲ့မှ နားထောင်ချင်ပါတယ်ဆိုတဲ့ iPhone ယူစာတွေအတွက်ပါ ။ 

အချို့ ယူစာတွေက Music ပိုင်းနဲ့ ပါတ်သက်ပြီး တခုတ်တရ အချိန်ပေးပြီး Sound Quality ကောင်းကောင်းနဲ့ နားထောင်ချင်ကြပါတယ် ။ အဲဒီယူစာတွေအတွက် Sound Quality ကောင်းကောင်း Music Sound Player Applications လေးတွေကို လက်တို့လိုက်တယ်ဆိုရင်လည်း မမှားပါဘူး ။ 

အသံပိုင်း ဘာညာတွေ လာမမေးနဲ့ ။ 

ထွက်လာတဲ့ Sound သံတွေက iPhone နဲ့ ဖွင့်နားထောင်နေတာမှ ဟုတ်ရဲ့လားလို့ ( အဟိ … ) ထင်မှတ်ရအောင်လို့ ရှယ်မှ ရှယ် ဖြစ်နေစေမယ့် Music Sound Player လေးတွေနဲ့ မိတ်ဆက်ပေးပါမယ် ။ 

( $ နဲ့ ဝယ်ရတယ် ဆိုရင်တောင် ပေးရတာနဲ့ တန်ပါကြောင်း 😊☺️ ) 

Boom – Download လင့်

Equalizer Fx – Download လင့်

jetAudio Hi-Res – Download လင့်

Equalizer+ HD – Download လင့်

KaiserTone – Download လင့်

EQu – Download လင့်

သီချင်းနားထောင်ရတာ ဝါသနာပါသူ ယူစာအားလုံး ကျေနပ်နိုင်ကြမယ်လို့ ထင်ပါတယ် ။ 

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။ 

ဇာနည် ( iOS Banker Myanmar ) 

Facebook Comments
2K Shares