ခုချိန်မှာ iPhone 6 Plus & iPhone 6s Plus ဘယ်သူ့ကို ရွေးချယ်သင့်လဲ!!

43

iPhone 6 Plus vs 6s Plus

iPhone SE ကို ချန်လှပ်ရရင်ဖြင့် size ကြီးကြီး screen ကျယ်ကျယ် မှကြိုက်ပါတယ် ဆိုတယ့် iUsers တို့ အဖို့ကတော့ Brand new နောက်ဆုံး Series တွေကိုလည်း မနိုင် ကိုယ့်ဝန်အားလေး နဲ့ပဲ နိုင်လိုရာ သုံးခြင်တယ် ဖြစ်နေရင်တော့ Second သန့်သန့် ဈေးကွပ်ထဲမှာ 6 Plus & 6s Plus တို့ပဲ ရွေးချယ်စရာ ရှိနေမှာပါ

Credit to Orginal Uploader

iPhone 7 Plus ကရော?

iPhone 7 Plus ကတော့ ပွဲထဲကနေ ဖယ်ပါတယ် ဘာလို့လဲ ဆိုတော့ကား 7 Plus second သန့်သန့်ကို လိုက်မယ့်အစားတော့ A11 bionic chip နဲ့ 8 Plus စီပဲ တာတို ပြေးလိုက်သင့်တာ ကြောင့်ပါ ဒါ့အပြင် 6s Plus & 7 Plus ကလည်း ထင်သလောက် ကွာခြားမှု သိပ်မရှိတာလည်း ပါပါတယ် 6 Plus လေးကိုလည်း အားငယ်မှာ စိုးတာကြောင့်ပါ သူတို့ က Series ၂ ခုကွာတာ မို့ပါ

Short Result

{Winner is iPhone 6s Plus}

ဘယ်သူတွေ ကို Compare လုပ်သင့်လဲ!

  • iPhone 6 Plus & 6s Plus သိပ်မကွာလှပါ
  • iPhone 6s Plus & 7 Plus သိပ်မကွာလှပါ
  • iPhone 7 Plus & 8 Plus ကွာပါတယ်
  • iPhone 8 Plus & XR သရေပေးပါတယ်
  • iPhone X & XS သိပ်မကွာလှပါ

ဒါတွေက Size ကြီးကြီး Compare လုပ်သင့်မလုပ်သင့်တွေပါ Series တစ်ခုခုန်ပြီး compare မလုမ်ပအနဲ့ ချွင်းချက်အနေနဲ့ ကတော့ 7 Plus & 8 Plus လည်း compare မလုပ်သင့်ပါဖူး ဒါပါပဲ

Credit to Orginal Uploader

Price Compare

Second ဈေးကွပ်မှာ ဘူတွေ ဘယ်လောက် ရှိနေလဲ!

  • iPhone 6 Plus 64GB ~ 25-35 lakh
  • iPhone 6 Plus 128GB ~ 3-4 lakh
  • iPhone 6s Plus 64GB ~ 3-4(O) 4-5(N)
  • iPhone 6s Plus 128GB ~ 45-55 lakh

အနည်းဆုံး ခန့်မှန်းခြေနဲ့ အများ ဆုံး ခန့်မှန်းခြေကို နှိုင်းရ ပြထားတာပါ O ဆိုတာက old model ဟိုးအရင်က ထုတ်ခဲ့တယ့် အဦးဆုံး 6s Plus တွေကို ဆိုလိုတာပါ N ကတော့ ပြန်ဝင်တာ သိပ်မကြာသေးတယ့် Apple ရဲ့ official refur လေးတွေပေါ့ သူတို့က ဈေးလည်း ကောင်းသေးသလို အခုထိ Warranty 8 လကျန်တာတွေ ရောင်းဝယ်နေကြသေးတာ ဈေးကွပ်ထဲမှာ တွေ့နေသေးပါတယ် old model 128GB တွေရဲ့ ဈေးနဲ့ တန်းတူနီးပါး ဖြစ်နေတတ်ပါတယ် ဒါကို ရှေ့အလုံး နောက်အလုံး ရောမကျမိအောင် ပြောခဲ့ခြင်းပါ

ပြီးတော့ Apple ရဲ့ official refurbished အလုံးကို ဆိုလိုတာပါ ခင်ဗျ တရုတ်က ပြန်လုံးထားတယ့် အစုတ်ပလုတ်တွေကို ပြောခြင်း လုံးဝလုံးဝ မဟုတ်လှပါ (သို့သော် ချွင်းချက်အနေဖြင့် အချို့အချို့သော် တရုတ်က ပြန်လူံးထားတယ့် အလုံးဖြစ်သော်ငြား အထိမနာထားခဲ့ရင် ဥပမာ တစ်ခုလုံး ပြသနာမရှိပဲ ဘော်ဒီ အပွန်းအပဲ့ပါတာလောက်ပဲ ပြန်လုံးထားတာ မျိုးဆိုရင်တော့ အဆင်ပြေပါလိမ့်မယ် သိတော့ မသိနိုင်တာမို့ လက်တည့်တော့ မစမ်းကြဖို့ ပြောလိုပါတယ်)

မြင်ကြတယိ့ အတိုင်းပါပဲ iPhone 6 Plus 128GB & 6s Plus 64GB ဟာ လုံးလုံး ရွေစရာ ဖြစ်နေတော့တယ် ဆိုတာပါပဲ 6s Plus ကတော့ old model အဖြစ်ပါဝင်စေပြီး ဒီနှစ်ခုကိုပဲ အဓိက အချက်လေးတွေ ကောက်နုတ်ပြီး Compare လုပ်ပေးသွား ပါတော့မယ်

Credit to Orginal Uploader

Specifications Comparison

  • Size အနေနဲ့ 6s+ ဟာ 6+ ထက် အနည်းငယ် ယောင်ယောင်လေး ထူမယ် ကျယ်မယ် ကြီးပါမယ် မျက်နှာပြင်ကတော့ တူတူပဲပေါ့
  • Weight အနေကလည်း ပိုလေးပါမယ် .7 ounces လောက်ပါ
  • Screen ကတော့ တူတူပါပဲ 5.5 inches စီပဲ ရှိပါမယ်
  • Resolution အနေနဲ့က 1920×1080 pixels ခြင်းတူသော်ငြား 6s+ က Retina HD display ဖြစ်ပြီး 6+ ကတော့ Retina display သက်သက်ပါပဲ
  • Processor မှာတော့ 6s+ က A9 chipset ဖြစ်ပြီး 6+ ကတော့ A8 chipset ပါပဲ
  • Ram အနေနဲ့ 6s+ မှာ 2GB & 6+ မှာတော့ 1GB ပဲ ရှိပါမယ်
  • Camera မှာ 6s+ (12 MP rear & 5MP front) & 6+ (8 MP rear & 1.2 MP front) တို့ဖြစ်ပါမယ်
  • Touch ID အနေနဲ့ 6s+ က 2nd generation ကိုသုံးထားပြီး 6+ မှာတော့ အရင် အဟောင်း Touch ID ကိုပဲ သုံးထားမှာပါ (နှေးတာပေါ့)
  • Bluetooth ကတော့ 6s+ မှာ 4.2 & 6+ မှာ 4.0 ကိုပဲ သုံးထားပါဦးမယ်
  • Battery မှာ 6s+ ဟာ 2750mah သုံးထားပြီး 6+ ကတော့ 2915mah ဆိုပေမယ့် 6s+ ဟာ ထွက်တယ့် အချိန်မှာ Power Management ပိုကောင်းတယ့် chipset နဲ့ ထွက်ရှိလာတာပါ အသိသာဆုံးပြော ရရင် 14nm A9 Chip ကြောင့် 6+ နဲ့ အားခံတာခြင်း တူညီပါလိမ့်မယ်

ဒါလေးတွေကတော့ သိသာထင်ရှားတယ့် နေ့စဉ်ဘဝမှာ ထိတွေ့ရမယ့် အစိတ်အပိုင်း လေးတွေကို ဖော်ပြပေး ထားတာပါ အခု သူတို့လေးတွေကို အကျယ်တစ်ဝန့် တစ်ဖန် စစ်ကြည့်လိုက်ရအောင်လား

Credit to Orginal Uploader

Design

Apple ရယ့် iPhone 6 series ပုံစံတွေဟာ အတော်ရိုးရှင်းစွာ လှပနေတယ့် ထောင့်ကွေး ချိုးတွေ screen camera home button တို့ နေရာထားမှု မှန်ကန်မှု ရှိစွာပဲ ထိုခေတ်အခါက Phones မျိုးဆက်တွေမှာ အတော်လေး အောင်မြင်ခဲ့တယ့် ဒီဇိုင်းပါပဲ ဒါကိုပဲ Apple အနေနဲ့ ဆက်လက် ထိန်းသိမ်းတယ့် အနေနဲ့ iPhone 6s Series မှာလည်း ယခင် Series နဲ့ ပုံစံ တစ်ထပ်တည်းကျအောင် ကို ဖန်တီးလို့လှပါတယ် ကာဗာတွေကစ သူတော် ကိုယ်တော် ကို ဖြစ်လို့နေတာပါ ဒီတော့ iPhone 6 Plus & iPhone 6s Plus တို့ရယ့် Design ပိုင်းနဲ့ ပတ်သက်ပြီး သရေ ပေးလိုပါတယ် သို့သော်လည်းပဲ Apple body material ဖြစ်တယ့် Aluminum ကိုတော့ improve လုပ်ထားပါတယ် ကဲ ထားပါတယ် အရွယ်အစားနဲ့ အပေါ ယံ ထိတွေ့မှုကို ဒီမှာပဲ ရပ်ပါပြီ အခု အရောင်ပေါ့ iPhone 6 Plus မှာ Space Gray, Silver, and Gold ရှိမယ် (Gold ကတော့ နောက်ပိုင်း ထုတ်လုတ်မှု ဖြတ်တောက်တယ် လို့လည်း ကြားရပါတယ်) iPhone 6s Plus မှာတော့ Space Gray, Silver, Gold, or Rose Gold ဆိုပြီး ရွေးချယ်စရာ ပိုတိုးလာတယ် ပေါ့ Rose Gold ပေါ့ ဗျာ အထူးသဖြင့် မိန်းကလေး အတွက် ဖြစ်ပါလိမ့်မယ်

Credit to Orginal Uploader

Performance

ပြောစရာမလိုပါဖူး iPhone 6 Plus ဟာ iPhone 6s Plus ထက် လုပ်ဆောင်နိုင်စွမ်း နှေးကွေးမယ် ဆိုတာပါပဲ Chipset ကို ကြည့်ရရင် A9 Chip က iPhone 6 Plus ရယ့် A8 Chip ထက် 70% ပိုမြန်ဆန် နေပြီး GPU (Graphic) ပိုင်းမှာတော့ 90% တောင် ပိုမြန်ဆန် လှပါတယ် Ram မှာလည်း ၂ ဆ အပြတ်အသက်နဲ့ iPhone 6s Plus မှာ 2GB ပါဝင်ထားပါတယ် အပေါက Comparison အချက်ထဲကပဲ နုတ်ပြောရရင် Touch ID ကလည်း သိသိသာသာကို ပိုမိုမြန်ဆန် ပါတယ် အခု 2018 ရဲ့ အလန်းစား ဂိမ်းကြီးကြီးတွေကို lag ခြင်းမရှိ ချောချောမွေ့မွေ့ လေး ဆော့ကစားဖို့ ဆိုရင် iPhone 6s Plus ကသင့်ကို စိတ်ကျေနပ်မှု ပေးစေနိုင်မှာပါ (Admin 6 လေးနဲ့ PUBG ပြစ်နေတာပါ မဆိုးဖူး ခင်ဗျ ခုချိန်ထိ solo chicken dinner တစ်ကြိမ်ပဲ စားဖူးပါသေးတယ် 😏😏)

3D Touch

Yes ဟုတ်ပါတယ် iPhone 6s Series ဟာ Apple မှ 3D Touch feature ကို စတင်မိတ်ဆက်ခဲ့တာပါ 3D Touch ဟာ Hardware part ကနေ အလုပ်လုပ်စေတယ့် Touch sense အာရုံခံစားမှု စွမ်းဆောင်ရည် မျိုးပါ ဒီ့အတွက် Apple က battery ပါးစေပြီး capacity ကို လျော့ချခဲ့ရတယ်လို့ ပြောထားပါတယ် ကံကောင်းစွာနဲ့ပဲ အသစ် Chipset နဲ့ OS တို့ရယ့် နည်းပညာရယ်ကြောင့် ဘက်ထရီ စွမ်းဆောင်မှုဟာ ယခင် မျိုးဆက်ထက် ကျဆင်းမသွားခဲ့ပါဖူး အခြား မျိုးဆက်တွေ အပြိုင်အဆိုင် battery capacity တိုးမြင့်ရင်း ဗုံးတွေ စတင်ထုတ်လုတ်လာတယ့် အချိန်မှာ (အဲဟုတ်ပါဖူး) mah တွေတိုးပြီး အားပိုခံအောင် လုပ်လာကြတယ်လို့ ပြောတာပါ – Apple အနေနဲ့Capacity ကိုလျော့ချ လိုက်ရဲတာဟာ လုပ်ရဲကိုင်ရဲ ရှိလှပါတယ် ဒါကြောင့် 3D Touch ဟာ iPhone 6 Plus မှာ မရရှိနိုင်ပါဖူး Jail လုပ်ပြီး software နည်းလမ်းနဲ့ ထည့်ရတာကို သိပေမယ့် မတူပါဖူး

Credit to Orginal Uploader

Camera

Performance ကို ယှဉ်လိုက်ကတည်းက iPhone 6s Plus ဟာ iPhone 6 Plus ကို အလဲထိုးနိုင်တယ် ဆိုတာ အားလုံးပဲ ရိပ်စား မိလောက်ပါပြီ ပြန်မထနိုင်အောင် သိပ်လိုက်မှာကတော့ Camera ပါပဲ 6s Plus ရဲ့ Camera ဟာ ကြီးမားတယ့် အဆင့်မြင့်တင်ပေးမှု ဖြစ်ပါတယ် သိပ်ကို ထူးပဲ ပြောင်မြောက်လှတယ့် ပုံရိပ် ကောင်းတွေကို ဖမ်းစား ပေးနိုင်ပါတယ် Day out photo shooting မှာ သိသိသာသာ လည်း မကွာ ခြားပါဖူးလို့ သင်ထင်ကောင်း ထင်နိုင်ပါတယ် Night out မှာ ယှဉ်ရိုက်လိုက်ရင်တော့ သင့်အမြင်ကို ပြောင်းလဲပေးနိုင်ပါလိမ့်မယ် Front Facing Camera မှာလည်း Videos Chat ထိုင်တာဖြစ်ဖြစ် selfie ယူတာဖြစ်ဖြစ် သိသိသာသာ ကွာခြားပါတယ် Video shooting မှာလည်း iPhone 6s Plus ဟာ 4K video တွေ ရိုက်ကူးနိုင်ပါတယ် ဒီ 5.5 လက်မပဲ ရှိတယ့် iPhone 6s Plus ဟာ 4K ရုပ်မထွက်နိုင် ပေမယ့်လို့ သိတယ်မို့လား 4K ထွက်နိုင်တယ့် LCD TV ကြီးမှာတော့ ကွဲပြားပါလိမ့်မယ် ဒါကတော့ Camera ပိုင်းပါ

Final Note

Apple ဟာ နှစ်စဉ် နှစ်တိုင်းမှာ Apple eco system (Apple ထုတ်ကုန် ဂေဟ စနစ်ထဲမှာ) အသုံး အတွင်ကျယ်ဆုံး အကောင်းဆုံး နေ့စဉ် လှုပ်ရှားမှုအတွက် အသုံးအတည့် ဆုံး အလွယ်ကူဆုံး ဖြစ်မယ့် iPhone တွေကို မိတ်ဆက်လာလေ့ ရှိပါတယ် သေချာတာကတော့ ဒီနှစ်ထကိ နောက်နှစ်မှာ ထုတ်မယ့် မျိုးဆက်သစ်ဟာ အဖက်ဖက်က မဟုတ်ခဲ့ရင်တောင် တစ်ထောင့်တစ်နေရာကနေတော့ သာလွန်နေမယ်ဆိုတာ ပါပဲ နှစ်စဉ် နှစ်တိုင်း ထွက်လိုက်တယ့် iPhone တွေဟာ အဲ့နှစ် ရဲ့ အပြီးအပြည့် စုံလွန်းသော် ဖန်တီးမှု စာရင်းထဲမှာ အမြဲကို ပါဝင်နေပါတယ် ဆိုတော့ Better Faster and even more powerful သွားပါ iPhone 6s Plus စီကိုပဲ သွားပါ ရဲရဲကြီး အာမခံ ပြောပါရစေ အခုချိန်မှာတော့ 6 Plus ကို မစဉ်းစားပါနဲ့တော့ အရမ်းလည်း အလျင်မလိုဖူးဆိုရင်တော့ ဆက်စောင့် ငွေထက်စုလိုက်ပြီး iPhone XR စီကို ချီတတ်ဖို့ ပြောလိုပါတယ် ဘယ်သူဘာပြောပြော စီးပွားရှာ ပြည်နာမှ တယ့် XR တွေ လူမုန်းများနေတာဟာ ကိုယ့် အတွက် အခွင့်ကောင်း ဖြစ်နိုင်ပါတယ် ၂၀၀% ယုံကြည်လိုက်ပါ Plus size နဲ့ Performance သာလွန်တယ့် ဖုန်းတစ်လုံး လိုခြင်နေရင် XR က ပြည့်စုံ လွန်းတယ်ဆိုတာ ပါပဲ

Macworld co Uk & Digitaltrends တို့မှ ကိုးကား ရေးသားပါသည် ပုံများကို မူရင်း ဖန်တီးသူများသို့ Credit ပေးအပ်ပါသည်။

Facebook Comments
5 Shares
Today the Future begins. The works our team and I will do here to change the all our understanding of Information Technology especially about iDevices. For you, we will bring advancement in knowledge and also his power. Trust me that Future will be right here faster than you think.