iPhone ကိုတစ်ညလုံး မနားစတန်း အားသွင်းထားခြင်းဟာ Battery သို့ iPhone ကို ထိခိုက်စေမည်လား?

23882

ဒီဖြစ်ရပ်ဟာ ဖြင့် Mobile Phones နဲ့ လူသားတို့ရဲ့ အာရုံဦးအစ သမိုင်းတည်စင်ကတည်းကပင် ဖြစ်ပွားခဲ့တယ့် ဖြစ်ရပ်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။

  • ညဖက် တစ်ညလုံး အားမသွင်းထားပဲ စီစီစစ်စစ် အားသွင်းပေးတယ့်သူဆိုတာဟာ Epic တကယ့်ကို ရှားပါးလူသားလို့တောင် သတ်မှတ်နိုင်ပါတယ်။ ကျွန်တော်တို့ထဲက ကျွန်တော်အပါအဝင် အများစုဟာ အိပ်ရာဝင်ရင် အားကောင်ချိတ်လိုက်မယ် အိပ်ရာနိုးတာနဲ့ ဖြုတ်လိုက်မယ် ဆိုတယ့်သူတွေပါပဲ။
  • 📓
  • ဒါဖြင့် ဒီလို 100% ဖြည့်သွားပြီးနောက် တစ်ညလုံး မနားမနေ အားသွင်း ထားခြင်းဟာ Battery အတွက် စိတ်ချရပါ့မလား! iPhone ကိုဖြင့် ထိခိုက်သွားစေနိုင်မလား! Battery အသက်တိုစေမလား! iPhone ကိုစွမ်းဆောင်ရည် လျော့ကျသွားစေနိုင်သလား! မေးခွန်းများစွာ အဖြေများစွာ ဆရာများစွာနဲ့ သဘောထားများစွာ တွေကို Internet မှာရှာကြည့်မယ်ဆိုရင် တစ်ပုံကြီးတွေ့ရမှာပါ။ ကိုယ့်အယူအဆနဲ့ကိုယ် သဘောထားကွဲလွဲ မှုတွေကြောင့် ဘယ်ဟာကတကယ်အမှန်လဲ ဝေခွဲရခက်နေမယ်ဆိုရင် ကျွမ်းကျင်ပညာရှင် အများစု ဘယ်လိုဆိုခဲ့ကြသလဲ ဆိုတာ ဖော်ပြပေးလိုကိပါမယ်
  • 📔
  • Farbe Technik(အားသွင်းပစ္စည်းထုတ်လုပ်ရေး ကုမ္မဏီဖြစ်သည်) မှ Shane Broesky ဟာဒီလိုဆိုခဲ့ပါတယ် “သင့်ဖုန်းကို တစ်ညလုံး အားသွင်းထားခြင်းဟာ အဆင်ပြေပါတယ် သင့်ဖုန်းကို ထူးထွေလှပြီး ထိခိုက်မှာမဟုတ်ပါဖူး Mobile Phones တွေဟာ သိပ်ကို လိမ္မာပါးနပ်ပါတယ် အားပြည့်သွားပြီဆိုတာနဲ့ အလွန်းအကျွံအားသွင်းမှု မဖြစ်အောင် Current စီးဝင်မှုကို ချက်ချင်းဆိုသလို ဖြတ်တောက်ပေးပါတယ် သိပ်ကောင်းတယ့် လုပ်ဆောင်ချက်ပါ
  • 📕
  • ဒါပေမယ့် အခြေအနေ ပြသနာတစ်ခုရှိနေပါတယ် သင့်ဖုန်းကို တစ်ညလုံး အားသွင်းထားခြင်းဟာ သင့်ဖုန်းရဲ့ Battery အသက်ကို နှေးကွေးစွာ လျော့ကျစေနိုင်ပါတယ် ဘာကြောင့်လဲဆိုရင် Lithium ions Battery တွေဟာ အပူတအားကြောက်တယ့် သူတွေပါ အားသွင်းတာကြာတာနှင့်အမျှ ဖုန်းမှာဖြစ်ပေါနေခဲ့တယ့် တစ်စုံတစ်ခု errors ရှိနေခြင်းသော်၎င်း ကာဗာထူထဲမှုကြောင့်၎င်း ဖုန်းBattery ဟာ အလွန်အမင်းပူလာစေပါတယ် ထိုအခါ Battery Cell Oxidation Process ကိုဖြစ်ပွားစေပြီး Battery cells အနည်းနဲ့အများ သေဆုံးစေကာ သိုလှောင်နိုင်စွမ်းကိုလျော့ကျစေ၍ Battery ကိုအသက်တိုစေပါလိမ့်မယ် ဒါကြောင့် သင့်ဖုန်းမှာ errors များရှိနေမနေ သေချာစမ်းစစ်ထားပါ နောက် ကာဗာချွတ်ပြီး အားသွင်းသင့်တယ်လို့ ဆိုထားပါတယ် တကယ်လို့ သင်ဟာ တစ်ညလုံး အားသွင်းမယ်လို့ စိတ်ကူးနေပြီဆိုရင်ပေါ့”
  • 📗
  • သင့် iPhone ကိုဘယ်လိုနည်းလမ်းနဲ့ အကောင်းဆုံး အားသွင်းနိုင်မလဲ?
  • Lithium ions battery တွေရဲ့ ဖြစ်တည်ပုံအရ အားသွင်းမယ်ဆိုရင် အကောင်းဆုံး အားသွင်းရမည့် နည်းလမ်းကတော့ 50% နဲ့ 80% ကြားမှာ ထားရှိပြီး အားသွင်းခြင်းပါပဲ 50% ကိုရောက်သွားခဲ့ရင် အားသွင်းလိုက်မယ် 80% ကိုရောက်ရင် အားပြန်ဖြုတ်ပေးလိုက်မယ် ဆိုရင် Battery ions cell တွေကို အလုံအလောက် လုံခြုံမှုပေးနိုင်ပါတယ် သင့်တင့်မျှတစွာ ကောင်းစွာ လည်ပတ်စေနိုင်မယ်ပေါ့ ဆိုရရင် ဒီနည်းလမ်းအရဆိုရင် တစ်နေ့မှာ တစ်ကြိမ်ထက်ပိုပြီး ကြိမ်ဖန်များစွာ အားသွင်းခြင်းဟာ Battery ကိုလုံးဝ ကျန်းမာစေမယ်ဆိုတာ တွေ့မြင်နိုင်ပါတယ် 50% ရောက်တိုင်း 80% ထိတစ်နေ့မှာ ကြိမ်ဖန်များစွာ ပြန်အားသွင်းခြင်းဟာ 0% ကနေ 100% ထိတစ်နေ့ အကြိမ်နဲနဲ အားသွင်းခြင်းထက် Battery ကိုလုံခြုံမှုရှိစေမယ် ဘေးကင်းစေပါလိမ့်မယ်။အချို့တွေအတွက် မေးခွန်းတွေရှိနေကြမယ် ဟင်း သူတို့ပဲ အရင်တုန်းက ၂၀% -၈၀% ဆိုပြီး ဟူတ်ပါတယ် မှန်ပါတယ် ၅၀% လောင်အပြည့်အဝမမှန်ကန်ပေမယ့် ထိရောက်မှုရှိနိုင်သော်ညား လျစ်လျူရှုနိုင်တယ့်အဆင့်ပါ ၅၀%-၈၀% ပဲလုံခြုံမယ်ဆိုတာ Battery သူတေသနပြုလုပ်တယ့် တက္ကသိုလ်ကြီးတွေက သတ်မှတ်ပေးထားတာမို့ သူကတော့ Perfect လို့ဆိုနိုင်ပါတယ် ဒါက အတည့်ရေးလိုက်တာပါ ၂၀% ပဲရေးမယ်လို့ စဉ်းစားခဲ့သေးပါတယ် ဗဟုသုတ ပေါ့ Safety အဖြစါဆုံးနည်းလမ်း အမှန်ကန်ဆုံးကိုသိရတာပေါ့။
  • 📘
  • Battery Charge cycle ဆိုတာဘာလဲ?
  • Phone battery တွေဟာ Charge cycle အရေအတွက် အကန့်အသတ်နဲ့ လာပြီးသားပဲဖြစ်ပါတယ် Charge cycle များလာလေ battery performance စွမ်းဆောင်နိုင်ရည် ကျဆင်းလေပဲပေါ့ Charge cycle ပြည့်သွားတယ့် battery ဟာတော့ dead သေပြီပေါ့ Charge cycle တစ်ကြိမ်ပြီးမြောက်သွားတယ်ဆိုတာ ဘယ်လိုသတ်မှတ်မလဲ လွယ်ကူပါတယ် 0% ကနေ 100% ထိရောက်သွားအောင် တစ်ကြိမ်သွင်းလိုက်ပြီဆိုရင် Charge cycle တစ်ကြိမ်ပြီးမြောက်သွားပါမယ် ဒါဟာ အပေါယံတွေးမြင်ကြည့်တာပါ ဒါကြောင့် Charge cycle မြန်မြန် ကုန်ဆူံးမသွားနိုင်အောင် သေချာပေါက် 0% ကနေ 100% ထိမသွင်းမိအောင်ရှောင်ကျဉ်ပေးရပါမယ် ဒါဆိုရင် 0% ထိမရောက်အောင် ဂရုစိုက်ပြီး သူံးသင့်ပါတယ်။
  • 📙
  • အရည်အသွေးကောင်းမွန်းတယ့် အားသွင်းပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုပါ
  • ဟူတ်ပါတယ် အားသွင်းပစ္စည်းဟာလည်း Phone battery life အတွက် အင်မတန်အရေးပါလှပါတယ် အရည်အသွေးမပြည့်မီ စံချိန်စံညွှန်းမထားရှိတယ့် အားသွင်းဆက်စပ် ပစ္စည်းများကို ရှောင်ကျဉ်ပေးပါ သူ့ရဲ့ Officials original ပစ္စည်းများကိုသာ ဦးစားပေးအသုံးပြုသင့်ပါတယ် ကျွန်တော်သိပါတယ် original ပစ္စည်းတွေဟာ ဈေးကြီးကြတယ်ဆိုတာကိုပါ ဒါဆိုရင်လည်း Fast copy fake အမျိုးအစားတွေဖြစ်ဖြစ် ဘယ်ပစ္စည်းရယ်လို့တော့မကြေညာတော့ပါဖူး နှောက် Apple က Certified ရထားတယ့် အားသွင်းဆက်စပ်ပစ္စည်းတွေ ကိုအသုံးပြုလို့ရပါတယ် ဈေးကြီးနေသေးတယ်ဆိုရင်တောင် Samsung ရဲ့ Certified ရထားတယ့် ပစ္စည်းတွေကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ် သူတို့ဟာ Testing ကောင်းစွာ စမ်းသပ်ထားပြီးသားမို့ စိတ်ချရပါတယ် ဒီလိုမှ မဟုတ်သေးဖူးဆိုရင် လည်း နာမည်ရနာမည်ကြီး Brandတွေကို ရွေးချယ်ပါ နောက်တစ်ခု Feedback ပေါ့ လူပြောများ ကောင်းပေဆိုတယ့် အမျိုးအစားတွေကိုပဲ ရွေးချယ်အသုံးပြုကြည့်ပါ ဘာလို့ ဈေးချိုတယ့် အားသွင်းဆက်စပ်ပစ္စည်းတွေကို အသုံးမပြုခိုင်းတာလည်း သက်သိပါသလား အဖြေကတော့ရှင်းပါတယ် သူတို့ဟာ အဓိကအားဖြင့် ဈေးချိုရတာကြောင့် ထုတ်လုပ်မှုပိုင်း လုံခြုံမှုဟာ အင်မတန်အားနည်းပြီး ကြောက်စရာကောင်းအောင် အန္တရာယ်များလွန်းလှလို့ပါပဲ နိုင်ငံအနှံအပြားမှာတောင် ကြေညာချက်တွေ ထုတ်ပြန်လေ့ရှိပါတယ် ပူပြင်းတယ့်ရာသီရောက်လာပြီဆိုရင် ဈေးချိုပြီး အန္တရာယ်ရှိနိုင်တယ့် အားသွင်းဆက်စပ် ပစ္စည်းများကို အသုံးမပြုကြဖို့ လူအများကို အသိပေးလေ့ရှိပါတယ် လျှပ်စစ်လျှော့ဖြစ်စေနိုင်မယ် ဖုန်းကနေတစ်ဆင့် မီးလောင်မှုတွေဖြစ်ပွားစေနိုင်မယ် တစ်နှစ်ကြီးမှာဆိုရင် London မှာ အိမ်အမြောက်အများ ဒီ အရည်အသွေးညံ့ဖျင်းတယ့် အားသွင်းပစ္စည်းကြောင့် မီးလောင်ခဲ့ရသဖြင့် လွန်ခဲ့တယ့် နှစ်ပိုင်းတွေမှာပဲ London Fire Brigade အများစု လူအများကို ပညာပေး ဆော်ဪချက်များ ထုတ်ပြန်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
  • 📒
  • ဒီမှာပဲ ခဏရပ်နားလိုက်ပါတယ် အခု Battery နဲ့ပတ်သက်တယ့် ဗဟုသုတလည်း အနည်းငယ် မောင်းခဲ့ပြီးပြီဆိုတော့ ကျန်နောက်တစ်ပိုင်းမှာလုပ်ဆောင်ရမယ့် ဆောင်ရန်ရှောင်ရန် လိုက်နာရန်အချက်လေးတွေ ရေးသားပေးသွားပါမယ်
Facebook Comments
3K Shares