iPhone / iPad ပေါ်မှ Wifi Hotspot ဖွင့်နည်း

ဟုတ်ပါတယ် လွယ်လွယ်လေးပါ

နည်းပညာနဲ့ အနေနီးစပ်သူတွေအတွက်ကတော့ပေါ့အချို့သော End User တွေအတွက်ကတော့ ဒီပို့စ်လေးက အသုံးဝင်ပါလိမ့်မယ်။ အထူးသဖြင့် ကျနော်တို့ ဂရုထဲမှာ အခုတလော အမေးများနေတာတွေ့မိလို့ အဆိုပါယူစာတွေအတွက် ရည်ရွယ်ပါတယ်။

iPhone / iPad တွေပေါ်မှာ Personal Hotspot ကို ရှာမတွေ့ခဲ့ရင်သော်လည်းကောင်း၊ Network Reset ချလိုက်ပြီးလို့ Personal Hotspot ပျောက်သွားရင်သော်လည်းကောင်း အောက်မှပုံတွေထဲကအတိုင်း လုပ်ဆောင်သွားရပါမယ် ဒါဆိုရင် Personal Hotspot ကို ပြန်လည်ရရှိပါလိမ့်မယ်။

Setting ထဲက Cellular Data အောက်မှာ Personal Hotspot Option ပျောက်ကွယ်နေပါတယ် ပြန်ဖော်ဖို့အတွက် Cellular Data ထဲကို ဝင်ရပါမယ် နမူနာပုံက iPad ပုံဖြစ်သည့်အတွက် APN Settings ထဲကို တန်းဝင်ရုံပါပဲ။ iPhone ဆိုလျှင်တော့ Cellular Data Options ထဲကနေ တဆင့်ဝင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဆိုတော့ Setting >> Cellular Data >> Cellular Data Options >> Cellular Data Network >> APN Settings ပေါ့

iPhone / iPad တွေမှာ SIMs တွေရဲ့ APN Setting ကို Automatic Default လုပ်ပေးပါတယ်Andriod တွေလို SIM ထည့်လိုက်တာနဲ့ APN Settings ကို install လုပ်ဖို့ SMS မလာပါဘူးလာလည်း install နှိပ်လို့ မရပါ APN Setting ချိန်စရာ မလိုတဲ့အတွက် iPhone / iPad တွေမှာ SIM Cards ထည့်ပြီးတာနဲ့ Cellular Data ကို Enable လုပ်ပြီး internet ကို တန်းသုံးလို့ရပါတယ်။

ဒါပေမယ့် iPhone / iPad တွေ အသုံးပြုတာကြာလာတဲ့အခါ ( သို့တည်းမဟုတ် ) Connections တွေ မကောင်းလို့ Network Resetting ချလိုက်တဲ့အခါဟော… အခုလိုမျိုး Personal Hotspot Option မပေါ်လို့ ပြန်ဖော်ချင်သည့်အခါမျိုးတွေမှာတော့ APN Setting တွေမှာ APN အမျိုးအစားလေးတွေကို သက်ဆိုင်ရာ Operators SIM အလိုက် ဖြည့်သွင်းပေးဖို့ လိုအပ်ပါတယ်။ ပိုလည်းကောင်းမွန်တယ်လို့လည်း ယူဆပါတယ်

ဒါကြောင့် နမူနာပုံတွင် ကြည့်ပါ။

နံပါတ် ( ၁ ) Cellular Data Option ( 2G / 3G internet Setting Setup ) အောက်က APN နေရာမှာ မိမိအသုံးပြုတဲ့ Operators SIM အလိုက် ရိုက်ထည့်ပေးရပါမယ်။
~ ( MPT ဆိုလျှင် mptnet ဟု အသေးတွေဖြင့် ရိုက်ထည့်ပေးပါ )
~ ( Ooredoo / Telenor / MyTel ဆိုလျှင် internet ဟု အသေးတွေဖြင့် ရိုက်ထည့်ပေးပါ )

နံပါတ် ( ၂ ) LTE Setup Option ( LTE / 4G internet Setting Setup ) အောက်က APN နေရာတွင်လည်း မိမိအသုံးပြုသည့် SIM Cards အလိုက် APN တွေ ရိုက်ထည့်ပေးရပါမယ်။
~ MPT ( APN ) – mptnet
~ Ooredoo / Telenor / Mytel ( APN ) – internet

နံပါတ် ( ၃ ) Personal Hotspot Option အောက်က APN တွင်တော့ မည်သည့် Operators SIM Card များကို အသုံးပြုသည်ဖြစ်စေ internet ဟုသာ အသေးဖြင့် ရိုက်ထည့်ပေးဖို့ လိုပါတယ်။

APN တွေ ရိုက်ထည့်ပေးပြီးလို့ Cellular Data ကို Enable လုပ်ပေးလိုက်သည်နှင့် Personal Hotspot Option လေးလည်း ပေါ်လာပါပြီ။

အကယ်၍များပေါ့ ဒီလိုမျိုး အဆင့်တွေအတိုင်း လုပ်ဆောင်ခဲ့ပေမယ့် Personal Hotspot Option မပေါ်ခဲ့ရင်သော်လည်းကောင်း Internet Connections မရှိခဲ့ရင်သော်လည်းကောင်း Setting ထဲကို ပြန်ဝင်ပြီး General မှတဆင့် Reset ထဲက Reset Network Settings ကို နှိပ်ပေးပြီး ပထမဆုံးအဆင့်ကနေ ပြန်ထပ်လုပ်ပေးရပါမယ်။

ဇာနည်  iOS Banker Myanmar