iPhone , iPad ပေါ်ကနေ မကောင်းတဲ့ Websites တွေကို Block လုပ်နည်း

376

သင့်ခလေးငယ်တို့ iPhone , iPad တို့ကို စိတ်ချယုံကြည်စွာ အသုံးပြုဖို့ ကာကွယ်ရန်နည်းလမ်း များစွာကို မကြာခဏ ကျနော်တို့ Page ကနေ ပြောပြဖူးခဲ့ပါတယ် ။ ( ဒီလင့်မှာ ဖတ်ကြည့်ပါ ။ ) 

ဒါကြောင့် အခုပို့စ်မှာတော့ အရှည်မပြောတော့ပဲ သီးသန့် ပို့စ်တစ်ခုအနေနဲ့ Adult Websites လိုမျိုးဟာတွေကို iPhone , iPad ပေါ်ကနေ Block လုပ်ပေးထားလို့ ရမယ့် နည်းလမ်းလေးကို ပြောပြပါမယ် ။ 

ဒီတော့ သင့်ခလေးငယ်တွေအတွက် ရရှိမယ့် အကျိုးကျေးဇူးကတော့ သင်မသိပဲ , သင်ခွင့်မပြုပဲနဲ့ မကောင်းတဲ့ Websites တွေကို ဝင်ရောက် ကြည့်ရှု လည်ပတ်ခြင်းတို့မှ ကြိုတင် ကာကွယ်ထားပြီး ဖြစ်ပါမယ် ။ 

အခု ဒီနည်းကို iOS 12 ပေါ်ကနေ လုပ်ရမှာပါ ။ ( ကျန်တဲ့ iOS Versions တွေ အပေါ်မှာလည်း လုပ်လို့ ရပါတယ် ။ ဒါပေမယ့် သွားရမယ့်နေရာကတော့ နည်းနည်းကွဲပါမယ် ။ ) ဒီ Feature ဟာ iOS 12 ရဲ့ Screen Time ထဲမှာ ရှိပါတယ် ။ ( ကျန် iOS Versions တွေကတော့ Restrictions ထဲမှာ ရှိပါမယ် ။ ) 

  • ကဲ .. Setting ထဲကို သွားလိုက်ရအောင်ဗျာ ။ 
  • Screen Time ကို ဝင်ပါ ။ 
  • ပြီးရင် Content & Privacy Restrictions ကို ထပ်ဝင်ပါ ။ ( အကယ်၍ သင့်အနေဖြင့် Family Sharing ပြုလုပ်ထားတယ်ဆိုလျှင် ဒီကနေ ဝင်ပြီး သင့်ခလေးငယ်ရဲ့ Device Name ကို ရွေးချယ်ပေးရပါမယ် ။ ) 
  • Content & Privacy Restrictions ကို Enable ( On ) ထားတာ သေချာပါစေ ။ 
  • Content Restrictions ကို ဝင်ပါ ။ 
  • Web Content ကို ထပ်ဝင်လိုက်ပါ ။ 
  • Limit Adult Websites ကို Select ပေးပါ ။ 
  • အောက်မှာ ပေါ်လာတဲ့ Never Allow ထဲက Add Website ကို နှိပ်ပါ ။ 
  • မကောင်းတဲ့ Websites တွေရဲ့ URL ခေါ် လိပ်စာကို ရိုက်ထည့်ပေးပြီး Done လိုက်ပါ ။ ( ဥပမာ – www.sexဘာညာသာရကာ.com ပေါ့ ။ ) 

သင့်အနေဖြင့် ခလေးငယ်ကြည့်ရှုရန် မသင့်တော်ဘူး ယူဆရမယ့် Websites တွေရဲ့ URL ( လိပ်စာ ) တွေကို အများအပြား ထည့်ပေးထားလို့ ရပါမယ် ။ လိုအပ်ရင်ပေါ့ ။ 

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

ဇာနည် ( iOS Banker Myanmar ) 

Facebook Comments
800 Shares