LL/A ပဲကောင်းတယ် LL/A ပဲကြိုက်တယ်ဆိုတယ့် User တွေအတွက် အသိပေးချက်

23974

LL/A ပဲကောင်းတယ် LL/A ပဲကြိုက်တယ်ဆိုတယ့် User တွေအတွက် အသိပေးချက်

US အလုံးများဖြစ်သည့် LL/A အလုံးရဲ့ 80% ဟာ အဓိက Mobile Phone Providers ဖြစ်ကြသော Verizon, AT&T, T-Mobile, Sprint Sim Lock ဖုန်းများဖြစ်ပါတယ်။US မှာက ၂နှစ် စာချုပ်ဖြင့် Operator များနဲ့ချိတ်ကာ iDevice များကို အရစ်ကျစနစ်နဲ့ယူကြပါတယ်။အရစ်ကျစနစ်ကို လစဉ်သွင်းနေရသောကြောင့် Sim Free မဟုတ်ပါ အဲလိုလစဉ်သွင်းနေရင်း ရုတ်တရက် Over Sea သို့ခရီးသွားရန်အကြောင်းပေါ်လာတဲ့အခါမျိုးမှာ မိမိချိတ်ဆက်ထားသော Phone Operator သို့ ယာရီ Sim Unlock တောင်းခံနိုင်ပါတယ် အချိန်အကန့်အသတ်ရှိပါတယ် အဲလိုအလုံးမျိုးကို ios users လက်ထဲရောက်သွားခဲ့ရင် ဝယ်တုန်းကတော့ သုံးရနေမှာပါ ယာရီပေးထားရက်ကုန်ဆုံးရင်တော့ Sim Lockပြန်ဖြစ်သွားမှာပါ နောက်လစဉ် Mobile Phone Operator Bill နဲ့ Phone ငွေမသွင်းတော့ရင်တော့ Lock ဖုန်းဖြစ်သွားပါပီ။ မြန်မာနိုင်ငံမှာလဲ ယခုလို Lock ဖုန်းတွေတွေ့နေရပါတယ်။ ဝယ်တုန်းကတော့အကောင်း Unlock ပါပဲ ။လနည်းနည်းကြာလို့ User က Reset ချမိသော် Sim Lock ကျသွားပါတယ်။

ဒါရဲ့အဓိကတရားခံက အချို့ဖြန်ဖြူးသူတွေက Operator များမှအရစ်ကျဝယ်ယူထားတယ့် ဖုန်းကို လစဉ်ကြေးဆက်မသွင်းတော့လို့ဖြစ်ပါတယ်။
ယခုပြဿနာများသည် Ref ဖုန်းတွေမှာပိုအဖြစ်များပါတယ်။ Ref အများစုက LL/A အလုံးတွေဖြစ်ပါတယ်။ (မှတ်ချက်) US Apple Store မှတိုက်ရိုက် Sim Free ဝယ်ယူထားသော LL/A အလုံးတွေကသာစိတ်ချလက်ချသုံးနိုင်မှာဖြစ်ပါတယ်
အချို့ ဖြန့်ဖြူးသူများကတော့ Sim Unlock များကိုရောင်းချသလို အချို့ကလဲ Sim Lock ဖုန်းများကို Sim Lock Remove လုပ်ကာ ရောင်းချကြပါတယ်။ဒီအလုံးကတော့ စိတ်ချရပါတယ်။ဒါပေမယ့်လဲ မိမိဖုန်းဟာ Sim Lock ဟုတ် / မဟုတ်ဆိုတာ သေချာမသိနိုင်ပါဘူး။ဒါကြောင့် LL/A အလုံးတွေကိုရှောင်ခြားသင့်ပါတယ်။

မိမိဖုန်းမဝယ်ခင် LL/A အလုံးဖြစ်နေပါက ဆိုင်ရှင်ကို Sim Lock ဟုတ် / မဟုတ် ရှင်းအောင်မေးပါ။
Ref ဟုတ် / မဟုတ် ရှင်းအောင်မေးပါ။
အဓိက ကတော့ အာမခံချက်အပြည့်ပေးတယ့် ဆိုင်မှာဝယ်တာအကောင်းဆုံးပါ။ဒါမှ ပြဿနာတစ်ခုခုဖြစ်ရင် ဖြေရှင်းရလွယ်ပါမယ်။

Sim Lock ကျပီဆိုရင်တော့ မိမိရဲ့ဖုန်းကို Sim Lock Remove လုပ်ရပါမယ်။ ဒါမဟုတ် R Sim & J Sim ခံသုံးရပါတော့မယ်။

Sim Lock Remove ကတော့ Device အပေါ်မူတည်ကာ ၃ သိန်းအထိရှိပါတယ် Offical နည်းဖြစ်ပါတယ်။
Sim Lock ဖြည်ပြီးရင်တော့ စိတ်သက်သာစွာအသုံးပြုနိုင်ပါပီ။
ဒါပေမယ့် ပိုက်ဆံနှစ်ခါမကုန်အောင် Sim Lock ဖုန်းတော့ မဝယ်မိပါစေနဲ့ LL/ A အများစုက Sim Lock တွေ ဖြစ်ပါတယ်။

R Sim & J Sim ကတော့ Sim Card နဲ့ ကြားခံသုံးရတယ့် ပစ္စည်းဖြစ်ပါတယ်။သုံးရတာ တိတ်အဆင်မပြေပါဘူး ဖုန်းဘေလဲစစ်၍မရပါ။ Operator App တွေနဲ့တော့ စစ်လို့ရပါတယ်။
Reset ချမိရင် Rsim ကို Setting ပြန်ချိန်ရပါတယ်။

နောက်ရှိပါသေးတယ် ယခုလက်ရှိ US မှာ iphone X ကို Sim Free မရောင်းသေးပါ US Mobile Phone Provider တခုခုနဲ့ချိတ်မှ Apple ကရောင်းပေးတာပါ အဲလို ချိတ်ပြီးပြီဆိုရင် ပုံပါအတိုင်းရွေးခွင့်ရှိပါတယ်. ကဲရွေးလိုက်ပါပြီ Pay in full အဲဒီမှာဘာထပ်တွေ့လဲဆိုတော့ ဖုန်းဖိုး အပြည့်ပေးရင် Sim Free လို့ထင်ကြတယ် အောက်ပုံကိုထပ်ကြည့်ပါ Unlocked iPhone with AT&T Sim လို့ရေးထားတာတွေ့မယ် ဘာကြောင့်လဲဆိုတော့ ဖုန်းနံပါတ်နဲ့လ imei နဲ့ချိတ်လိုက်ပြီ အဲဒီချိန်မှာ ဖုန်း သုံးဆွဲခ အင်တာနက်ခ သုံးလဆက်တိုက် မသွင်းခဲ့ရင်လဲ Lock ပြန်ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် Singapore / HongKong ( ZP ) အလုံးများနဲ့ Thailland ( TH အလုံးများကိုတာစိတ်ချယုံကြည်စွာဝယ်ယူသင့်ပါတယ်။

 

Facebook Comments
2K Shares