Messages in iCloud

2466

iOS 11.4 ရဲ့ Messages in iCloud ကို အသုံးပြုချင်တယ်ဆိုရင် …

Setting >> Apple ID , iCloud , iTunes & App Store >> iCloud >> Messages ကို On ပေးလိုက်ရပါမယ် ။ 

Messages in iCloud ဟာ iOS 11.4 ရဲ့ Feature တစ်ခုပဲ ဖြစ်ပါတယ် ။ Messages or iMessages အသုံးများတဲ့ သူဆိုရင်တော့ ဒီ feature ဟာ အလွန်အသုံးဝင်ပါလိမ့်မယ် ။ Messages ထဲက အရေးကြီး စာတွေ ၊ iMessages ထဲက ပုံတွေ ( attachments ) ကို အလိုအလျောက် iCloud မှာ backup လုပ်ပြီး သိမ်းဆည်းပေးထားမှာပဲ ဖြစ်ပါတယ် ။

ဒီနေရာမှာ သေချာသွားတာ တစ်ခုကတော့ ကျနော်တို့အနေဖြင့် Apple iCloud ရဲ့ Free အဖြစ် ရရှိတဲ့ 5GB ဆိုတဲ့ Storage Space ဟာ မလောက်ငှနိုင်တော့ပါဘူး ။ ဒီတော့ လစဉ်ကြေး ပေးပြီး iCloud ရဲ့ Storage Space ကို ထပ်ချဲ့မှ ရပါမယ် ။

ဒီ Messages in iCloud feature မှာ သင့်ရဲ့ Messages ထဲက Data တွေကို encrypted လုပ်ပေးထားတာ ဖြစ်တဲ့အတွက် Privacy & Security အတွက် စိတ်ချလက်ချ ရှိနိုင်ပါတယ် ။

အားလုံးအဆင်ပြေကြပါစေ ။

ဇာနည် ( iOS Banker Myanmar ) 

Facebook Comments
464 Shares