Home Knowledge iOS User များအနေဖြင့် မိမိဖုန်း Errors တစ်ခုခုဖြစ်၍ Service ဆိုင်ပြမည့် အချိန်တွင် ဆောင်ရန် / ရှောင်ရန်များ

iOS User များအနေဖြင့် မိမိဖုန်း Errors တစ်ခုခုဖြစ်၍ Service ဆိုင်ပြမည့် အချိန်တွင် ဆောင်ရန် / ရှောင်ရန်များ

6553

 

iOS User များအနေဖြင့် မိမိဖုန်း Errors တစ်ခုခုဖြစ်၍ Service ဆိုင်ပြမည့် အချိန်တွင် ဆောင်ရန် / ရှောင်ရန်များ

မြန်မာနိုင်ငံတွင် Apple မှ ထောက်ခံထားတဲ့ Service Center (၃) ဆိုင်ပဲရှိပါတယ်။

(၁) ISERVE ( Yangon )

(၂) I – PRO (Yangon )

(၃) MCARE (Yangon )

 


iOS နဲ့ပတ်သက်သော Software / Hardware ( ၂ ) မျိုးလုံး ကျွမ်းကျင်တဲ့ သူဆိုတာ အရမ်းကိုရှားပါတယ်။ ကျွမ်းကျင်တဲ့သူ ရှိခဲ့ရင်တောင်မှ Apple က ထောက်ခံချက်ပေးထားတဲ့ Technician မဟုတ်ပါဘူး။

ဒီ Post ဟာ တကယ့်ကို ကျွမ်းကျင်တဲ့ Service Technician တွေ ၊ Software Technician တွေကို စော်ကားတာ မဟုတ်ပါဘူး ။ ဒါပေမယ့် လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ တတ်ယောင်ကားနဲ့ Service Center မှာ Technician နာမည်ခံပြီး လုပ်နေတဲ့ သူတွေက ပိုများနေလိမ့်မယ်လို့ ထင်ပါတယ် ။

ဘာလို့ ဒီလို ပြောဆိုရသလဲဆိုရင် ကျွန်တော်တို့ရဲ့ Group ထဲမှာ User တွေက သူတို့ ကြုံတွေ့ ခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေကို Posts တင်ပြီး Sharing လုပ်ပေးနေကြပါတယ် ။ ယခု ( ၂၀၁၇ ) ခုနှစ် ကုန်သွားလို့ ကုန်ခဲ့တဲ့ နှစ်အတွင်း Service ဆိုင်များရဲ့ ဂျင်းထည့်ခံလိုက်ခြင်း ဆိုတဲ့ User တွေရဲ့ Posts တွေကို ဒုနဲ့ဒေး မြင်တွေ့ခဲ့ရပါတယ် ။ ကူညီဖြေရှင်း ပေးနိုင်တာမျိုး မရှိတဲ့အတွက် ကျွန်တော်တို့ အနေဖြင့် ထိထိရောက်ရောက် ကူညီချင်ပါသော်လည်း မတတ်သာလို့ လက်မှိုင်ချပြီး ကြည့်နေခဲ့ရပါတယ် ။ အဲဒီအတွက် User တွေကို Admins Team အနေဖြင့် စိတ်မကောင်းကြီးစွာ ဖြစ်ရပါကြောင်း အနူးအညွတ် ပြောလိုပါတယ် ။

ဒီအတိုင်း လွှတ်ပေးထားလိုက်ရင် တစ်နေ့တစ်ခြား ဆိုးဝါး လာနေတဲ့ အာဝါဒါး Service ဆိုင်တွေရဲ့ တစ်နှပ်စား အကြံတွေ ၊ လုပ်ကိုင်နေတာတွေကြောင့် User များ ဒုက္ခရောက်သထက် ရောက်မှာ စိုးတဲ့အတွက် ဒီ Post ကို ရေးတင်ဖို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ပါတယ် ။

အချို့ အချို့သော Technician တတ်ယောင်ကားတွေနဲ့ လုပ်ကိုင်နေကြတဲ့ Service ဆိုင်တွေရဲ့ ပြုပြင်လိုက်ပြီးကာမှ Errors တက် ၊ ပိုဆိုးလာတဲ့ အခြေအနေမျိုးမှာ အဆိုပါ ဆိုင်တွေရဲ့ တာဝန်ယူမှု ၊ တာဝန်ခံမှု ဆိုတဲ့ စီးပွါးရေး လူမှုရေး ကျင့်ဝတ် စိတ်များ မရှိပဲ User တွေကို ပတ်ပတ်စက်စက် တစ်သီးစား နှစ်သီးစား ဂျင်းများ ဗုံးပေါလအော ထည့်ကြပါတော့တယ် ။ ဒါမျိုးတွေကို ကျွန်တော်တို့မှာ မမြင်ချင်လဲ မြင်နေရ ကြားနေရပါတယ် ။ စိတ်မကောင်း ဖြစ်ရပါတယ် ။

ဥပဒေနဲ့ ကန့်သတ်ချုပ်နှောင်ထားမှုများ မရှိတဲ့ မရှိသေးတဲ့ နည်းပညာလောကမှာ ဒီလို စီးပွါးရေး ဝိသမာလောဘသမားတွေရဲ့ ရန်ကို ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိသေးတဲ့အတွက်လည်း အားမလို အားမရ ဖြစ်ရပါတယ် ။

ဒီ Post ကို ဖတ်လိုက်ရတဲ့ သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ အနေဖြင့်လည်း ဆရာတို့ကို စော်ကားတာ မဟုတ် ၊ အတုအယောင် အလိမ်ကောင်တွေကိုသာ ပြောဆိုခြင်း ဖြစ်ကြောင်း နားလည်ပြီး ကျွန်တော်တို့နဲ့အတူ ပူးပေါင်းကာ ဒီလို လောဘသမားများကို နှိမ်နှင်းပြီး ရေရှည် ပပျောက်သွားကြစေရန် အကြံကောင်း ဉာဏ်ကောင်းများလည်း ပေးကြစေဖို့ ဖိတ်ခေါ်ပါတယ် ။

ဒီကိစ္စက ကျွန်တော်တို့ချည်း လုပ်လို့ မရပါဘူး ။ သက်ဆိုင်ရာ နယ်ပယ် အသီးသီးက ကျွမ်းကျင်ပညာရှင်များ Technician များ ပူးပေါင်း ကူညီ လုပ်ဆောင်ကြဖို့ လိုအပ်နေပါတယ် ။ User များကလည်း ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ဂျင်းထည့်ခံရတဲ့ အခြေအနေကို မရှက်ပါနဲ့ ။ မကြောက်ပါနဲ့ ။ Posts တင်ပြီး Sharing လုပ်ပေးကြပါ ။ ဒါမှ နောက်ထပ် User တွေအတွက် ဆောင်သင့် ရှောင်သင့်သည်များကို ကြိုတင် မှတ်သားထားနိုင်ကြမှာပါ ။

တကယ်တော့ iOS Service ဆိုတာ User တွေကို ဂျင်းထည့်လို့ အကောင်းဆုံးဖြစ်ပီး ငွေတောင်းလို့ အကောင်းဆုံး Service ဖြစ်ပါတယ် ။ မူရင်း Products ရဲ့ တန်ဖိုးကကို ဈေးနှုန်းကြီးမြင့်ပြီး သူ့ရဲ့ Spare Parts လို့ခေါ်တဲ့ ပစ္စည်း အစိတ်အပိုင်းတွေကလည်း သူ့လောက်နီးနီးကို ရှိနေလို့ ဖြစ်ပါတယ် ။

ဒီတော့ အာဝါဒါး Service ဆိုင်တွေက ပစ္စည်းလဲလှယ် ရမည်ဟုပြောပြီး ပစ္စည်းမလဲပဲ အနည်းငယ်ပြန်ပြုပြင်လို့ရတာကို ပြုပြင် ၊ မရတဲ့ဟာကိုမှ လဲ ပြီးရင် Board တစ်ခုလုံးလဲလိုက်ရသကဲ့သို့ ဂျင်းထည့်နေတဲ့ Service ဆိုင်တွေကိုလဲ တွေ့နေရပါတယ် ။

User များကို ကျွန်တော်တို့ အနေဖြင့် အကြံပေးချင်ပါတယ် ။
( ၁ ) တကယ့်ကို နာမည်ကျော်ပြီး Service ကောင်းတဲ့ Service ဆိုင်တွေ မြန်မာနိုင်ငံမှာ ရှိပါသေးတယ် ။ အဲလိုမျိုး ဆိုင်တွေမှာ အကုန်အကျ နည်းနည်းများမှာဖြစ်ပေမယ့် ဂျင်းထည့်ခံရခြင်းမှ ကင်းဝေးအောင်လို့ အဆိုပါ Service ဆိုင်တွေမှာသာ ပြကြပါ ။ ပြင်ကြပါ ။

( ၂ ) နောက်တစ်ခု ပစ္စည်းလဲရမည်ဆိုပါက ဖြုတ်လဲ ထားသည့် ပစ္စည်းကို ပြန်တောင်းယူပါ ။ လဲလှယ်သည့် ပစ္စည်းရဲ့ တန်ဖိုးကို မိမိမှ ပေးချေပြီး ဖြစ်ပါတယ် ။ ဒါကြောင့် ပျက်တဲ့ ပစ္စည်းဟာ မိမိအပိုင် ဖြစ်ပါတယ် ။ ပြန်သာ ယူလာခဲ့ပါ ။ အိမ်ရောက်မှ မိမိဘာသာ ဘာလုပ်လုပ်ပေါ့ ။

ကဲဗျာနော် …
ကျွန်တော်တို့ရဲ့ User တွေ ဂျင်းထည့်ခံရခြင်းမှ ကင်းဝေးကြစေဖို့ ဒီ Post လေးကို Sharing များ လုပ်ပေးကြပါဦး ။