Password ခဏခဏ မေ့တတ်တဲ့ iOS users တွေအတွက် iCloud Keychain အသုံးပြုနည်း

ကျွန်တော်တို့ SmartPhone အသုံးပြုသူတော်တော်များများ ကြုံတွေ့ရတဲ့ အကြီးမားဆုံး ပြသနာကတော့ password မှန်သမျှ မေ့တာပါပဲ။ iCloud password မေ့တယ် ၊ facebook password မေ့တယ် ၊ gmail မေ့တယ် အစုံပါပဲ။ ဆိုတော့ ဒီပြဿနာကို iOS မှာ ပါဝင်ပြီးသား ဖြစ်တဲ့ iCloud Keychain Feature လေး သုံးပြီး ဖြေရှင်းကြည့်လိုက်ရအောင် …

iCloud Keychain ဆိုတာ ဘာလဲ?

Passwords တွေ အပြင် Credit card information, Wifi Passwords, Social Passwords စတာ တွေ သိမ်းပေးထားနိုင်တဲ့ iOS & Mac OS ရဲ့ Feature ဖြစ်ပါတယ်။ iCloud Keychain ဟာ ၇ နှစ် သက်တမ်းရှိပြီ ဖြစ်ပြီး တဖြည်းဖြည်းနဲ့ ပိုပိုပြီး လုံခြုံ ကောင်းမွန်လာပါတယ်။

ကျွန်တော်ဆိုရင် အရင်က Passwords တွေ မှတ်ဖို့ 1 Password ဆိုတဲ့ Third-Party app သုံးပေမဲ့ iOS 12 က စပြီး iCloud Keychain ကိုပဲ သုံးဖြစ်ပါတော့တယ်။ iOS 12 ကစပြီး Strong and Unique Passwords တွေကို အလိုလိုဖန်တီးပေးပြီးတော့ iCloud Keychain မှာ Auto Save ပေးလာပါတယ်။ ကိုယ်က မှတ်ထားစရာလုံးဝ မလိုတဲ့ အပြင် လိုတဲ့အချိန်မှာ Touch ID (or) Face ID လေး ပြလိုက်ရုံနဲ့ အလိုအလျောက် passwords တွေကို ဖြည့်ပေးပါတယ်။

iCloud Keychain ကို ဘယ်လိုဖွင့်မလဲ?

iCloud Keychain အသုံးပြုဖို့အတွက် မိမိရဲ့ iPhone (or) Macbook မှာ iCloud Acc ကို Log In ဝင်ပြီး iCloud Keychain ကို On ပေးဖို့ လိုအပ်ပါတယ်။

On iOS

  • အပေါ်ဆုံးက ကိုယ့်နာမည်လေးကို နှိပ်ပြီးရင် iCloud ကိုဝင် ၊ ပြီးရင် Keychain ဆိုတာလေးကို On ပေးလိုက်ရင် ရပါပြီ။
  • Two-Factor authentication တောင်းရင် ကိုယ်အမြဲသုံးနေကျ ဖုန်းနံပါတ်နဲ့ Two-Factor ကို အရင် Set Up လုပ်ပေးပါ။
  • ( ကျွန်တော်က အရင်တည်းက Keychain သုံးခဲ့တာမလို့ Two-Factor Set Up မလုပ်ရပါဘူး )
On Mac

  • System preferences> iCloud> Keychain> On
photo from Cult Of Mac

Keychain ထဲမှာ Passwords တွေကို ဘယ်လိုသိမ်းပြီး ဘယ်လို ပြန်ကြည့်မလဲ?

ပုံမှန်အားဖြင့် iCloud Keychain ကို On ထားပြီးတာနဲ့ safari မှာ ဘယ်နေရာပဲ Log In ဝင်ဝင်၊ Password ရိုက်ရိုက် iCloud Keychain ထဲမှာ သိမ်းမလား မေးပါတယ်။ သိမ်းမယ် ရွေးပေးလိုက်တာနဲ့ နောက်တစ်ခါ အဲ့ Website ကိုရောက်ရင် Password ထပ်ရိုက်စရာမလိုတော့ပါဘူး။ Touch ID (or) Face ID လေးပြလိုက်ရုံပါပဲ။

ဥပမာ – Gmail ကို Safari ကနေ ဝင်တယ်ဆိုရင် စဝင်ဝင်ချင်းပဲ Password တစ်ခါရိုက်ပေးရပါတယ်။ နောက်အခါတွေ ရိုက်စရာမလိုတော့ပါ။

အောက်က ပုံလေးတွေကတော့ Evernote ကို Log in လုပ်တဲ့အခါ Auto ဖြည့်ပေးထားတာ ဖြစ်ပါတယ်။

Facebook Comments

Be the first to comment

Leave a Reply

Your email address will not be published.


*