Home Knowledge QR Barcode Reader လေးနဲ့ ဈေးဝယ်ထွက်ကြမယ် 😌

QR Barcode Reader လေးနဲ့ ဈေးဝယ်ထွက်ကြမယ် 😌

272

ဒီနေ့တော့ QR Barcode Reader App လေး တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ် ။ 

မိတ်ဆက်မပေးခင် QR code ဆိုတာ ဘာလဲ နည်းနည်းတော့ ပြောပြပါဦးမယ် ။ 

QR Code ဆိုတာ Quick Response Code ရဲ့ အတိုကောက်ပဲ ဖြစ်ပါတယ် ။ သူဟာ Matrix Barcode ( ဒါမှမဟုတ် Dimensional Barcode ) ရဲ့ Trademark ဖြစ်ပါတယ် ။ ဒီ QR Code ဟာ ( 1994 ) ခုနှစ်က ဂျပန်မှာရှိတဲ့ Automotive Industry အတွက် ပထမဦးဆုံးဒီဇိုင်း ထုတ်ခဲ့တာပဲ ဖြစ်ပါတယ် ။ 

တကယ်တော့ Barcode ဆိုတာက Items နဲ့ ပါတ်သက်ဆက်နွှယ်နေတဲ့ Informations တွေ အကုန်လုံး ပါဝင်နေတဲ့ Machine-Readable Optical Label တစ်ခုပဲ ဖြစ်ပါတယ် ။ QR Code တစ်ခုမှာ Numeric , Alphanumeric , Byte / Binary & Kanji ဆိုတဲ့ စံသတ်မှတ်ထားတဲ့ Encoding Modes ( ၄ ) မျိုးကို အသုံးပြုထားပါတယ် ။ 

အခုအချိန်မှာတော့ QR Code System ဟာ Automotive Industry ရဲ့ ပြင်ပအထိ ကျော်လွန်ပြီး အောင်မြင်စွာ အသုံးပြုနေကြပြီ ဖြစ်ပါတယ် ။ အခုဆိုရင် လျှင်မြန်စွာ ဖတ်နိုင်ပြီး Storage ပိုမိုဆံ့တဲ့ UPC Barcodes Standard ကို အသုံးပြုနေကြပြီ ဖြစ်ပါတယ် ။ 

ယနေ့အချိန်မှာတော့ ဒီ QR Code လေးဟာ Product Tracking , Item Identification , Time Tracking , Document Management & General Marketing တွေ ပါဝင်နေတဲ့ Application လေးတစ်ခု ဖြစ်နေပါပြီ ။ 

ဒါလောက်ပဲ အသုံးဝင်တာလား ။ 

မဟုတ်ပါဘူး ။ 

ဒီ QR Code နဲ့ ကျနော်တို့ရဲ့ Photos တွေ , Website URLs တွေ , Document Files တွေ စသဖြင့် စသဖြင့်ပေါ့လေ အများကြီး ဖန်တီး ယူလို့ ရပါသေးတယ် ။ ရပါဦးမယ် ။ 

ကျနော်တို့ရဲ့ iOS App Store ပေါ်မှာတော့ QR Code Scanner , Barcode Reader Apps တွေက ပေါပါတယ် ။ သို့ပေမယ့် များကား များ၏ အကုန်တော့ မရ ဆိုသလို ၊ Features အစုံလိုချင်ရင် $ နဲ့ ဝယ်ယူမှ ဒါမှမဟုတ် လစဉ်ကြေး ပေးပြီးမှ အသုံးပြုနိုင်တာတွေက ပိုမိုများပြားလျှက် ရှိနေပါတယ် ။ 

အခု ဒီပို့စ်မှာ ပြန် Share ပေးမယ့် QR Barcode Reader လေးကတော့ နွံနှစ်နေတဲ့ ပတ္တမြားခဲလေးလို့ ဆိုရပါတော့မယ် ။ Free လည်း ရတယ် ။ ပါဝင်တဲ့ Features တွေကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ အသုံးဝင်တာတွေချည်းပါပဲ ။ ( သူ့မှာ အားနည်းတာဆိုလို့ ရိုးလွန်းတဲ့ UI တွေရယ် , Create Barcode System ရယ် မပါဝင်တာကိုပဲ ပြောရပါမယ် ) 

QR Barcode – Code Reader by Nguyen Thi Hien

QR Barcode Reader ဒေါင်းရန်လင့်

QR Barcode Reader ကို ဘယ်လို အသုံးပြုရမယ်ဆိုတာကိုတော့ အောက်ကပုံလေးတွေမှာ တစ်ချက် Show ကြည့်လိုက်ဗျာ ။

ကျနော်တို့က ဒီ QR Code ရဲ့ မူရင်း Identifications ကို သိရှိချင်တာဖြစ်တဲ့အတွက် Cellular Data လေးကို ဖွင့်ထားပြီး Scan ကနေ ဖတ်လိုက်ရုံပါပဲ ။ ဒါဆို Web Search ကနေတဆင့် Item ရဲ့ အချက်အလက်တွေကို Google Search ကနေ ရှာဖွေ ဖော်ထုတ်ပေးသွားမှာပဲ ဖြစ်ပါတယ် ။ ( Google ပေါ်မှာ မရှိရင်တော့ Search လုပ်ပေးမှာ မဟုတ်ပါဘူး ) 

ဒီ QR Code ကို ကျနော်တို့ City Mart လိုမျိုး ဆိုင်ကြီးကြီးတွေမှာမှ မဟုတ်ပါဘူး ။ ရပ်ကွက်ထဲ လမ်းထဲက Store ဆိုင် သေးသေးလေးလေးတွေပေါ်မှာ တင်ထားတဲ့ ပစ္စည်းတွေမှာလည်း တွေ့ရှိနိုင်ပါတယ် ။ 

သွားရင်းလာရင်း Products နဲ့ ပါတ်သက်တဲ့ အကြောင်းလေးတွေ သိချင်လို့ တံဆိပ်ကို မှတ် ၊ Google Search ကနေ လက်နဲ့ ရိုက်ပြီး ရှာဖတ်နေတာထက် ဒီလို QR Code လေးတွေကို Scan ဖတ်ပြီး Automatic ရှာဖွေပေးသွားမယ့် အဆိုပါ QR Barcode Reader လေးဟာ ကျနော်တို့အတွက် အဖော်ကောင်းလေးပါပဲလို့ လက်တို့လိုက်ပါတယ်ဗျား ။ 

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

ဇာနည် ( iOS Banker Myanmar ) 

( P.S – လက်တွေ့ စမ်းသပ်ကြည့်ဖို့အတွက် အောက်က QR Code ပုံလေးကို Save Image လုပ်ပြီး စမ်းသပ်ကြည့်နိုင်ပါကြောင်း … )