Restrictions Passcode မေ့သွားရင် Recover ပြန်ယူနည်း

” Restrictions Passcode Recover ”

iOS 12 ကနေစပြီး ဒီ Restriction Feature Option ကို Screen Time ရဲ့ အောက်ကို ရွှေ့ထားလိုက်ပါတယ် ။ ‘ Content & Privacy Restrictions ‘ ဆိုပြီး နာမည်ပါ ချိန်းပေးထားပါတယ် ။ 

Apple အနေဖြင့် ဘယ်နေရာကိုပဲ ရွှေ့ထား ရွှေ့ထား မေ့တတ်တဲ့ ယူစာတွေကတော့ အမှုမဲ့ အမှတ်မဲ့နဲ့ အဆိုပါ Restrictions ရဲ့ Passcode ကို ကနေ့အထိ မေ့နေကြတုန်းပါပဲ ။ Restrictions Passcode ကို မေ့သွားတဲ့အခါမှာ PC နဲ့ Restoring ပြန်လုပ်မှပဲ ရနိုင်ပါမယ် ။ 

ဒီနည်းလမ်း တစ်ခုပဲ ရှိတာတော့ မဟုတ်ပါဘူး ။ Free Online Website အချို့ရဲ့ Program ကနေ Restrictions Passcode ကို Recover ပြန်ယူလို့ ရနိုင်ပါသေးတယ် ။ 

Restrictions နည်းစနစ်ဟာ iPhone , iPad များရဲ့ အကောင်းဆုံး Features တွေထဲက တစ်ခု ဖြစ်ပါတယ် ။ ဒါပေမယ့် သူ့ကို ဝင်ဖို့ Passcode မေ့သွားတဲ့ အခါမှာတော့ အခက်အခဲတွေကို စတင်တွေ့ကြုံလာရပါပြီ ။

How to Reset Restrictions …

ပထမဆုံး မိမိတို့ရဲ့ iDevice ကို ကွန်ပျူတာက iTune နဲ့ ချိတ်ပြီး backup လုပ်ရပါမယ် ။ Backup လုပ်တဲ့အခါမှာလည်း unencrypted backup ဖြစ်ရပါမယ် ။

ဘာလို့ backup လုပ်ရတာလဲဆိုတော့ …

* တစ်စုံတစ်ခု မှားယွင်းခဲ့သည်ရှိသော် မိမိတို့ iDevice များကို restore ပြန်လုပ်နိုင်ဖို့ရယ် ။

* ဒီ backup ဖိုင်ကို အသုံးပြုပြီး restrictions passcode ကို ပြန်လည် ရှာဖွေဖို့ရယ် အတွက်ပဲ ဖြစ်ပါတယ် ။

မိမိတို့ iDevice ကို ကွန်ပျူတာက iTune နဲ့ ချိတ်ဆက်ပြီး ၊ This computer ကို ရွေးပါ ။ ( Encrypt Backup ကို အမှတ် မခြစ်ပါနဲ့ ) 

ပြီးရင် Back Up Now ကို နှိပ်ပါ ။

ဘာတွေကို ပြင်ဆင်ထားရဦးမလဲ ?

http://www.icopybot.com/itunes-backup-manager.htm

မိမိတို့ ကွန်ပျူတာပေါ်ကနေ ဒီလင့်အတိုင်း သွားပြီး iBackupBot ကို download ဆွဲပါ ( မိမိအသုံးပြုတဲ့ ကွန်ပျူတာ PC or Mac အတွက် )

ဒေါင်းလုတ်ဆွဲပြီးတဲ့ ဖိုင်ကို ဖွင့်ပြီး ကွန်ပျူတာမှာ install လုပ်ပေးလိုက်ပါ ။ ပြီးရင် install လုပ်ထားတဲ့ iBackupBot Software ကို ဖွင့်လိုက်ပါ ။ ဒါဆို ခုနက လုပ်ထားတဲ့ iDevice backup ဖိုင်ရဲ့ information ကို loading ဆွဲသွားပါလိမ့်မယ် ။

အချိန်အနည်းငယ် စောင့်ပြီးတဲ့အခါမှာ ။ ” Error messages pop up ” တက်လာရင် ” Ok ” ကိုသာ နှိပ်လိုက်ပါ ။ Backup ဖိုင်ကို ဆက်ပြီး loading ဆွဲနေပါလိမ့်မယ် ။

Loading ဆွဲလို့ ပြီးပြီဆိုတာနဲ့ folder တစ်ခုက iBackupBot ထဲမှာ ပေါ်လာပါလိမ့်မယ် ။ အဲဒီ folder ထဲကို ဝင်လိုက်ပါ ။ System Files ကို နှိပ်ပါ ။

ဘေးအကွက်က Lists ထဲမှ HomeDomain ကို နှိပ်ပါ ။

Library folder ကို ဖွင့်ပါ ။

Preferences ကို ထပ်ပြီး ဖွင့်ပါ ။

iBackupBot ထဲက Search bar ထဲမှာ com.apple.re လို့ ရိုက်ပြီး ကွန်ပျူတာက enter key ကို နှိပ်လိုက်ပါ ။

ပြီးရင် com.apple.restrictionspasscode.plist ဆိုတဲ့ စာတန်းကို ရှာပါ ။ အဲဒီစာတန်းကို နှိပ်လိုက်ပါ ။

Registration information အတွက် Window pop up လေး တက်လာရင် ” Ok ” ကို နှိပ်ပေးလိုက်ပါ ။ နောက်တစ်ခါ ” Ok ” ကို နှိပ်ပါ။

ထပ်ပြီးတက်လာတဲ့အခါမှာတော့ ” Cancel ” ကိုနှိပ်လိုက်ပါ ။ ဒီ Window pop up information က လိုအပ်လို့ ဖြစ်ပါတယ်။

Window browser new Tab တစ်ခုကို ဖွင့်ပြီး  http://ios7hash.derson.us/ ရိုက်ပြီး သွားပါ ။

iBackupBot ကို ပြန်သွားပြီး Restrictions Password Key အောက်မှာ ရှိတဲ့ ” Code ” ကို copy ယူလာပါ ။

အဲဒီနောက် iOS7hash Website မှ RestrictionsPasswordKey ဘေးက box မှာ Paste ချပါ ။ အောက်က RestrictionsPassword Salt မှာလဲ Paste ချပါ ။

ပြီးရင် Search for Code ကို နှိပ်လိုက်ပါ ။ Code ရှာဖွေနေစဉ် အချိန်အတော်ကြာ စောင့်ဆိုင်းရပါမယ် ။ မိမိတို့ ပေးထားခဲ့တဲ့ passcode ဂဏန်းတွေ အပေါ်မှာ မူတည်ပြီး အချိန်ကြာမြင့်မှု ရှိပါမယ် ။

ဥပမာ – မိမိတို့ passcode က ( 1111 ) ပေးထားခဲ့မယ်ဆိုရင် အချိန်ခနလေးနဲ့ ရှာဖွေနိုင်မှာ ဖြစ်ပြီး ၊ passcode က ( 7865 ) စသည်လိုမျိုး ပေးထားခဲ့ပါက Code ရှာဖွေမှု ပိုမိုကြာမြင့်မှာ ဖြစ်ပါတယ် ။

Code ရှာဖွေမှု ပြီးဆုံးသွားပြီ ဆိုခဲ့ပါက မိမိတို့ iDevice ရဲ့ Restrictios passcode digits များ ပါဝင်တဲ့ Window pop up လေး တက်လာမှာ ဖြစ်ပါတယ် ။

အခုဆိုရင် မိမိတို့ iDevice ရဲ့ Restrictions Passcode များကို ပြန်လည် ရရှိပြီ ဖြစ်တဲ့အတွက် iDevice ထဲကိုဝင် Setting ထဲက Content & Privacy Restrictions ကို ဝင်ပြီး Disable Restriction ကိုနှိပ်ကာ Restrictions Passcode ကို ထည့်ပေးလိုက်ရုံပါပဲ ။ ( iOS 12 မှာတော့ Setting >> Screen Time >> မှာ Change Screen Time Passcode ကို နှိပ်ပြီး ၊ Turn Off Screen Time လုပ်လိုက်ရပါမယ် ။ ) 

ဖော်ပြမှု ချို့ယွင်းချက် ၊ ကျန်နေတဲ့ အချက်များ ရှိခဲ့ပါက တင်ပြသူ ကျွန်တော့်ရဲ့ အားနည်းမှု ဖြစ်ကြောင်းပါခင်ဗျာ ။

အခုကျနော် ပြောပြသွားတဲ့ နည်းလမ်းနဲ့ လုပ်တာ မရဘူး ၊ မလုပ်တတ်ဘူး ၊ Recover မှာ Password ရှာမတွေ့ဘူး ဆိုတဲ့သူများကတော့ ကျနော့ညီလေး Kaung Myat Phone Kyaw တင်ပေးထားတဲ့ 3uTools နဲ့ Restrictions Passcode ကို Recover ပြန်ယူခြင်း ပို့စ်ကို လေ့လာကြည့်စေချင်ပါတယ်ဗျ ။ 

အားလုံးအဆင်ပြေကြပါစေ ။

Credit Jim Karpen 

ဇာနည် ( iOS Banker Myanmar )

Facebook Comments

Be the first to comment

Leave a Reply

Your email address will not be published.


*