Home Knowledge What Country Regions is you’re iPhone ?
What Country Regions is you’re iPhone ?
4855
{ Zawgyi }
Unlock လား ?
Lock လား ?
ဘယ်လိုပဲဖြစ်ဖြစ်လေ ။
Check iPhone Region
http://iphonemodel.net
{ Unicode }
အိုင်ဖုန်း ယူစာအတော်များများသည် မိမိတို့ရဲ့ တန်ဖိုးကြီး အိုင်ဖုန်းသည် မည်သည့် Country Regions ဆိုတာကို သိချင်တတ်ကြသည် ။
လွယ်လင့်တကူဖြင့် ကြည့်ရှုနိုင်ကြရန်အတွက် ကျနော်တို့ Page ကနေကော iOS Banker Myanmar Group ယူစာတွေကကော Country Regions Code List တွေကို ဖော်ပြ ၊ အချင်းချင်း Share ပေးကြနဲ့ ။
အဆင်ပြေသွားကြတဲ့ သူတွေ ရှိသလို ၊ အခုထိ မပြေလည်သေးကြတဲ့ သူတွေကလည်း အများကြီး ရှိနေကြတုံးပါပဲ ။
အဓိက အဆင်မပြေတာက အိုင်ဖုန်းရဲ့ About ထဲက Model က ဘယ်ဂဏန်း ၊ ဘယ်အက္ခရာကို ကြည့်ပြီး List နဲ့ တိုက်ဆိုင် စစ်ဆေးရမလဲ ဆိုတာကို မသိတာရယ် ။ Country Regions List ထဲမှာ မိမိ အိုင်ဖုန်းရဲ့ Region Code အက္ခရာတွေ မပါတာရယ်ကြောင့်ပဲ အဆင်မပြေ ဖြစ်နေကြတာပါ ။
တကယ်က ဒီ Counrty Regions Code တွေက အရေးမကြီးပါဘူး ။ ဘာလို့လဲဆိုတော့ အိုင်ဖုန်းအားလုံးရဲ့ အစိတ်အပိုင်းတွေကို တရုတ်နဲ့ အခြားနိုင်ငံအချို့ကနေ ထုတ်လုပ်ပြီး တရုတ်ကနေပဲ အိုင်ဖုန်းတစ်လုံးလုံးကို တပ်ဆင်ထုတ်ပိုး တင်ပို့ပေးတာ ဖြစ်လို့ပါ ။
Regions Code တွေ ဘယ်လိုပင်ကွဲပြားကျပါစေ Quality ကတော့ အားလုံးအတူတူပဲ ဖြစ်ပါတယ် ။
သို့ပေမယ့် ဒီစကားက ကျနော်တို့ မြန်မာပြည်က ယူစာတွေအတွက်တော့ ဟုတ်ဟန်မတူဘူးဗျ ။
မကြာခဏ Group ထဲမှာ Posts တင်ပြီး မေးမေးနေကြတာကို တွေ့နေရလို့ပါပဲ ။ သူများနိုင်ငံက သူတွေအတွက် ဒီ Country Regions Code တွေထက်
Unlock လား ?
Lock လား ?
Contracts နဲ့လား ? ဆိုတာကပဲ အရေးပါတာကို တွေ့ရပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ်လေ ။
ကျနော်တို့ မြန်မာပြည်က ယူစာတွေက စိတ်ဝင်စားနေကြတယ် ဆိုတော့လည်း iOS Banker Myanmar ရဲ့ အဓိက သံဓိဌာန် ရည်ရွယ်ချက်ဖြစ်တဲ့ Knowledge Sharing For All အရ iOS ယူစာအားလုံးအတွက် ရှာဖွေ တင်ပြပေးရမှာက ကျနော်တို့ အလုပ်ပဲလေ ။
ဒီလင့်ကလေးကတော့ တကယ်ကို မဆိုးဘူး ။
ဖုန်းရဲ့ Model ကို သိရုံနဲ့ Region ၊ စာချုပ်နဲ့ ဝယ်ထားတဲ့ဖုန်း ( ကုမ္ပဏီမှ အရစ်ကျဖြင့် ဝယ်ယူထားသည့်ဖုန်း ) ၊ Refurbished ဟုတ် မဟုတ်ကိုပါ သိရှိနိုင်ပါတယ် ။
Contract နဲ့ ဝယ်ထားတဲ့ ဖုန်း ( ကုမ္ပဏီမှ အရစ်ကျဖြင့် ဝယ်ယူထားသည့်ဖုန်း ) ဆိုပါက မိမိတို့ ဝယ်ယူခဲ့သည့် ဆိုင်အား သေချာ တိကျစွာ ပြန်လည် မေးမြန်းဖို့ လိုအပ်ပါမယ် ။
ဘာကြောင့်လဲဆိုတော့ အဆိုပါ ရောင်းချပေးခဲ့သည့် ဆိုင်မှ စာချုပ်ချုပ်ထားခဲ့တဲ့ ကုမ္ပဏီအား ဆက်လက်၍ အရစ်ကျ ပေးသွင်းခြင်း မရှိတော့ပါက ကိုယ်ဝယ်ယူခဲ့တဲ့ ဖုန်းသည် Lock ကျသွားမှာ ဖြစ်ပါတယ် ။ ( မနှစ်က iPhone X ထွက်ခါစက ယူစာအတော်များများ ဝယ်ပြီးမှ SIM Lock ကျကုန်ခြင်းသည် ဒီပြဿနာကြောင့် ဖြစ်ပါတယ် ။ )
ဒီတော့ ယူစာများအနေဖြင့် မဝယ်ခင်ကထဲက Model နံပါတ်ကို ဘူးခွံပေါ်မှ ကြည့်ပြီး အောက်က လင့်ကနေ ဝယ်မယ့်ဖုန်းဟာ Contract ရှိ မရှိ စစ်ဆေးပြီး စိတ်ချ လက်ချ ဝယ်ယူလို့ ရတာပေါ့ ။
ဒီ Post မှာ မိမိတို့ အိုင်ဖုန်းရဲ့ Country Regions ဟာ ဘယ် Country လဲ ဆိုတာကို သိရှိဖို့အတွက် Online လင့်လေး တစ်ခုကို ပေးထားပါတယ် ။
Setting >> General >> About က Model မှာကြည့်ပါ ။
အဆိုပါ Model က စာတန်း ( ဥပမာ – MQCL2LL/A ) ကို မှတ်ပြီး ပေးထားတဲ့ လင့်ထဲမှာ ရိုက်ပြီး ထည့်ပေးလိုက်ပါ ။
Check iPhone Region
http://iphonemodel.net
{ Zawgyi }
{ Unicode }
ဒီအောက်က ပုံကတော့ Contract ပါတဲ့ အလုံးကို နမူနာ ပြတာပါ ။ လေ့လာကြည့်ဖို့အတွက်ပါ ။
{ Zawgyi }
မိမိအိုင်ဖုန်းရဲ့
❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉❉
{ Unicode }
မိမိအိုင်ဖုန်းရဲ့
Model Series ( အိုင်ဖုန်းအမျိုးအစား )
Storage ( သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏ )
Color ( အိုင်ဖုန်းရဲ့ အရောင် )
Country Region ( တင်ပို့ တင်သွင်းသည့် နိုင်ငံ )
Carrier ( မူလတင်သွင်းသည့်ကုမ္ပဏီ )
Contract ( စာချုပ်နဲ့ ဝယ်ထားသည့် ဖုန်း )
Refurbished ( ပြန်လည်ပြင်ဆင်ပြုပြင်ထားသည့်ဖုန်း )
စသည်ဖြင့် ပေါ်လာပါလိမ့်မယ် ။
ဒါဆို ယူစာများအနေဖြင့် မိမိတို့ အိုင်ဖုန်း၏ Country Region ကို သိရှိနိုင်ကြမည် ဖြစ်ပါတယ် ။ ကျေနပ်ကြလိမ့်မယ်လို့လဲ ယူဆပါတယ် ။
အားလုံးအဆင်ပြေကြပါစေ ။
ဇာနည် ( iOS Banker Myanmar )